Mar 24, 2023

American Center Yangon အကြောင်း ကျနော်သိသမျှ
Member ဖြစ်ဖို့…
AC က တစ်ပတ် သုံးရက် (Tuesday, Thursday, Saturday) ဖွင့်ပါတယ်။
Tuesday သွားမယ်ဆို Saturday မနက် ဆယ်နာရီတိတိThursday သွားမယ်ဆို Tuesday မနက် ဆယ်နာရီ တိတိSaturday သွားမယ်ဆို Thursday မနက် ဆယ်နာရီ တိတိ
ACY facebook page မှာ တင်တဲ့ Non-member registration form ကိုဖြည့်ပါ။ (Limit က ၅၀ ထဲမို့ မြန်မြန်ဖြည့်နော် တစ်နာရီအတွင်း ပြည့်တတ်ပါတယ်)
လာတဲ့နေ့ ကျရင် အင်းယားလမ်းဘက် အဝင်ပေါက်ကနေ မှတ်ပုံတင် (or) passport ပြပြီး ဝင်လာပါ။
သတိထားရမှာကLaptopယူလာလို့မရပါဘူး။
ဝင်လာပြီးရင်တော့ Center အပေါ်ထပ်က Library ထိတန်းသွားပြီး Counter မှာ Registration Form ဖြည့် မှတ်ပုံတင်ပြ နှစ်စဉ်ကြေး ငါးထောင်ပေးပြီး Member Card လုပ်လို့ရပါပြီ။ ဓာတ်ပုံရိုက်မှာမို့ အလှလည်း ပြင်သွားပါ။ ဆယ်မိနစ်လောက် စောင့်ပြီးရင်တော့ Member Card လှလှလေးရလာပါလိမ့်မယ်။ (စတာ XD မှန်တိုင်းပဲ ပြောပါမယ်ကျနော့်ကဒ်ထဲက ပုံ ကိုဘယ်လိုမှ မကြိုက်ပါ။)
တစ်ခါထဲ ပြိီးသွားရင် Every Saturday နေ့လည် တစ်နာရီမှာ လုပ်တဲ့ New Member Orientation ဖိတ်မှာပါ။ အဲ့မှာ အကုန်ရှင်းပြပါလိမ့်မယ်။ ခုကျနော်သိသမျှ နည်းနည်း ပြောပြပါမယ်။- Service များ အသုံးပြုနည်း
Wifi သုံးဖို့ AC patron မှာ Password - abcdefghiရိုက်ပြိး Join ထားပါ။ ပြိးရင် Counter မှာ ထားတဲ့ Wifi Token လေးကို Form လေးဖြည့်ပြီး သုံးပါတိုကင်တစ်ခုကို သုံးနာရီကြာ 300 MB ဖိုး သုံးနိုင်ပါတယ်။ Token ကလည်း ကန့်သတ်ထားတာမျိုး မရှိပါ။
Laptop ယူလာခွင့်မပေးတာမို့ Chrome Book, i Pad, i Mac linraryတွင်း ငှါးခွင့်ပေးပါတယ်။ Counter မှာ Member ကဒ်လေးပေးပြီး ငှါးရုံပါပဲ။
i Mac ကတော့ Form လေးဖြည့်ပြီး တက်ထိုင်သုံးလိုက်ရုံပါပဲ။ ကဒ်ပေးငှါးဖို့ မလိုပါ။- ပွဲတွေ အီဗန့်တွေ
၂၀၂၃ မှာတော့ AC က လစဉ် လစဉ် Youth Forum လို့ခေါ်တဲ့ ပွဲမှာ သံရုံးအ အရာရှိတွေနဲ့ လူငယ်တွေ World issues အကြောင်းတွေ Equality, Inclusion, Diversity ဒါတွေကို ဆွေးနွေးကြပါတယ်။ American English ပဲလေ့လာချင်တာပဲဖြစ်ဖြစ် Topic ကိုကြိုက်လို့ဖြစ်ဖြစ် ဝင်ရောက်ပါဝင်စေချင်ပါတယ်။
သူတို့တွေက မေးခွန်းတွေမေးပါလို့ ပြောတဲ့ချိန်ကြရင်လည်း ထထကြွကြွ မေးစေချင်တယ်ဗျ။ အဲ့လိုလူငယ်တွေဆို အရမ်းသဘောကျတာ၊ အဲ့လိုထထမေးတဲ့ ကျော့်သူငယ်ချင်းဆို လိပ်စာကဒ်ဘာညာရပြီး Connection တွေပါ လုပ်ခဲ့ပါတယ်။- Study at Home (Virtual Program)
AC ကလုပ်ပေးတဲ့ Online class တွေ workshop တွေကို ဒီ platform မှာတင်ပါတယ်
ဒိီ Link မှာ အသေးစိတ်ဖတ်ပါဗျ ->- in-person class, workshop များ
Computer နဲ့ပတ်သက်တဲ့ Excel workshop တို့ ဘာတို့ကို Center ထဲက Silicon Valley အခန်းမှာ လုပ်လာပါတယ်။ ဒိအတွက် Page ကို စောင့်ကြည့်ပါ။ လူပြည့်မြန်ပါတယ်။- Volunteering နဲ့ ပတ်သက်ပြီး
2022sep မတိုင်ခင် memberထြစ်နေသူတွေအတွက် ခေါ်နေပါတယ်။ Counter မှာ Form တောင်းပြီး သိချင်တာမေးလိုကိပါ။
အသစ်တွေအတွက်ကတော့ နောက်ကျရငိ လာမယ်ထင်ပါရဲ့။
လူငယ်တွေ ကျောင်းသားတွေကို စေတနာပြည့်ပြည့်နဲ့ ပေးနေတဲ့ အဖွဲ့အစည်းမှာ Volunteer လုပိပေးရတာ တကယ်ကောင်းတဲ့ အခွင့်အရေးပါ။ လျှောက်လို့ အဆင်ပြေရင် လျှောက်စေချင်ပါတယ်။