Sep 30, 2023

လူငယ်တွေကြား ရေပန်းစားတဲ့ U.S. Exchange Program များ (Fully-funded)
United States of America ကနေ အသက်အရွယ်ပိုင်းခြားအလိုက် Fully Funded Scholarship Programs အစုံကို စီစဉ်ပေးထားပါတယ်။ အခုပြောပြပေးသွားမယ့် Exchange Scholarships (4) ခုကတော့ ဆယ်ကျော်သက်လူငယ်တွေအတွက် အကိုက်ညီဆုံးဖြစ်မှာပါ။
Program တွေအများစုကတော့ “ခေါင်းဆောင်မှု” ကို ဗဟိုပြုပြီး Theme အလိုက် အနည်းငယ်ဆီ ကွဲပါတယ်။ လူထုအကျိုးပြုလုပ်ငန်းလုပ်ဆောင်နေသူတွေ Volunteering spirit ရှိသူတွေ Programs ရဲ့ Goal တွေနဲ့ ကိုက်ညီသူတွေကို ရွေးလေ့ရှိပါတယ်။ အတော်ဆုံးကို ရွေးတာထက် “အသင့်တော်ဆုံး” ကို ရွေးတာမျိုးပါ..။
“စရိတ်ငြိမ်း” ဆိုတာက တကယ်ကို ငြိမ်းတယ်ဗျ။ Program ထဲပါသွားတာနဲ့ Visa ကြေးက အစ Accommodation၊ Living Expense အကုန် ငြိမ်းပါတယ်။ Program အလိုက် Stipend တွေလည်း ပေးတာမို့ ဘာမှ မသုံးပဲ စုနိုင်ရင် အတော်လေး မြန်မာနိုင်ငံကို ပြန်သယ်လာဖို့ ရနိုင်ပါတယ်။ (စာရေးသူကျနော်ဆို မုန့်စားဖို့ ပေးထားတဲ့ ဒေါ်လာတွေကို စုပြီး မြန်မာပြည်ရောက်ရင် လက်ဆောင်ပြန်ပေးဖို့ Zara ရေမွှေး ၆ ပုလင်းလောက် ဝယ်လာလိုက်တယ် )
Benefits တွေနဲ့ အတူလိုက်ပါလာတာကတော့ “Competitive” ဖြစ်မှုပေါ့။ Applicant ရာနဲ့ချီမှာမှ Program အတွက် ဆယ်လောက်ကျော်လောက်ပဲ Seats ရှိတာမို့ အတော်လေးလည်း အပြိုင်အဆိုင်ရှိပါတယ်…။
သို့ပေမယ့်လည်း အားမငယ်ပါနဲ့။ ကိုယ်က မှန်ကန်ရင် ကိုယ့်အတွက် တစ်ချိန်တော့ ရောက်လာမှာပါ။ Potential ရှိတဲ့သူတွေကို ကူညီပေးဖို့အတွက် Seniors တွေကလည်း Ready ပါပဲ
ဒီနေရာမှာ ကြိုတင်ပြီး ပြောပြချင်တာက Program ထဲ ပါသွားခဲ့သည်ရှိသော် Exchange Program ဖြစ်တဲ့အတွက်မို့ မြန်မာနိုင်ငံကို ပြန်လာပေးခဲ့ဖို့ပါ။ နေခဲ့ခြင်းဟာ ကိုယ့်အတွက်လည်း မကောင်းသလို နောက် Generation တွေလည်း အခက်တွေ့စေပါတယ်..။
ဆိုတော့ကား Program တစ်ခုချင်းဆီရဲ့ Overview လေးတွေ Eligibility လေးတွေ Program Goals လေးတွေ ရဲ့အကြောင်းကို ကြည့်ကြည့်ရအောင်..။
(Programတစ်ခုချင်းစီရဲ့ အသေးစိတ်ကိုတော့ “Scholarship Programs - U.S. Embassy in Burma (usembassy.gov)” ဒီအမေရိကန်သံရုံး websiteမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ဗျာ~)