Benefits & Drawbacks of IGCSE

Benefits & Drawbacks of IGCSE

May 22, 2022

Benefits & Drawbacks of IGCSE

IGCSE အကျိုးကျေးဇူးများနှင့် အခက်အခဲများ + suggestions(DETAILED)

ကျနော် IGCSE ကို သင်နေတာ ၁၁ လရှိပါပြီ မေးတဲ့ လူလဲရှိလို့ကြုံတွေ့ရသမျှ အတွေ့အကြုံတွေကို စာရှည်ကြီးရေးပြီးတင်ပေးလိုက်ပါတယ်

ဒီစာက IGCSE အကြောင်းထက် ကောင်းကျိုးနဲ့အခက်အခဲကိုပြောပြပေးမှာမို့ ဒီ Link လေးမှာ IGCSE ဆိုတာ ဘာလဲ ဖတ်ကြည့်ပါ။ https://www.facebook.com/106313037922264/posts/451264553427109/

ဖတ်ပြီးပြီဆို ကောင်းကျိုးလေးတွေ စကြည့်ရအောင်

စိတ်၀င်စားဖို့ ကောင်းတဲ့ ဘာသာရပ် တွေ များ ကြီးရှိတယ် science subject တွေမှာ စာကျက်ဖို့ထက် သိချင်စိတ်က ပိုအရေးပါတယ်

သိချင်စိတ်ဆိုတော့ လူတွေက တွေးကြမယ်။ မြန်မာကျောင်းကဘာသာ အတိုင်း သင်ရမယ် ထင်ပြီး ဟာ ငါက Biology ကို စိတ်မှမပါတာ မသင်ချင်ဘူး.. ဟုတ်ပြီ အဲ့ဘာသာ မယူနဲ့ မြန်မာနိုင်ငံမှာသင်ပေးနိုင်တဲ့ တခြား subject တွေ အများကြီးရှိတယ်။ ဘာသာရပ်တွေ က ဒီ link လေး မှာကြည့် ကြည့်ပါ

https://www.cambridgeinternational.org/.../camb.../subjects/

https://www.facebook.com/groups/igcse.mm/?ref=sharehttps://www.facebook.com/groups/1268499230250087/?ref=shareဒီ group တွေ မှာကျောင်း ဘယ်မှာတက်သင့်လဲ မေးလို့ကြည့်ပါscience subject တွေက သိချင်စိတ်ကို နှိုးဆွပေး

ဒါပေမယ့် ခင်ဗျား Biology ကို မကြိုက်ဘူး ဆိုတာ သေချာရဲ့လား (မကြိုက်ဘူး ဆိုတာ ကိုယ်စိတ်မ၀င်စားတဲ့ topic ကိုအလွတ်ပဲ ကျက်နေရလို့လဲ ဖြစ်နိုင်တယ်လေ) ကကျနော့်တုန်းက လဲ တခါမှ ဆရာ၀န်တွေကို အထင်မကြီးခဲ့ဘူး ဆရာ၀န်လဲ မဖြစ်ချင်ခဲ့ဘူး ဒါပေမယ့် သင်ရင်းသင်ရင်း IGcSE biology ထဲမှာက လူတွေ လက်တွေ့ဘ၀မှာကြုံတွေ့နေရတဲ့ ရောဂါ အကြောင်းတွေ (ဥပမာ- ဆီးချို ရောဂါ) organ အကြောင်းတွေ (အသဲ၊ နှလုံး၊ ကျောက်ကပ်၊ မျက်လုံး and so on) neverous system, endocrine system (hormone system) ကို ဆေးကျောင်းသား တယောက်လို concept တွေကို ပြည့်ပြည့်စုံစုံသင်ရတဲ့အခါ အရမ်းကို တန်ဖိုးထားလာမိတယ် စာတွေကို ကျက်မဲ့အစား ဆန်ဒ ပြင်းပျ စွာနှင့် internet ပေါ်က နေ မည်သူမှ မခိုင်းဘဲ research တွေကို လုပ်ဖြစ်ခဲ့တယ် ကျနော့် အဖေ influence ကြောင့် လဲပါတာပေါ့နော် အတန်းချိန်ဆို အနားလာပြီး ဆရာနဲ့ အပြိုင်သင်နေတာ ကျနော့်မှာ နား နှစ်ဖက်နဲ့ နှစ်ယောက်စလုံးကို နားထောင်ပေးရတယ် ပြီးရင်လဲ "မင်းဒါတွေ သင်ရတာ အရမ်းကံကောင်းတယ်" အမြဲတမ်းလိုလို ပြောတော့ ပိုတန်ဖိုး ထားမိလာတာပေါ့သူက အရမ်းကို proud ဖြစ်တာ တွေ့သမျှ လူကို ငါ့သားက ဆေးကျောင်းမှာ သင်ရတဲ့ စာတွေတောင် သင်နေရတာ ဆိုပြီး (တကယ်လဲ မြန်မာဆေးကျောင်းပထမနှစ်က စာတွေလဲပါပါတယ် ဆရာကိုယ်တိုင်ပြောတာပါ) ဒါမဲ့ မလန့်သွားနဲ့နော် တကယ်လဲအသုံး၀င်တာမို့ အရမ်းစိတ်၀င်စားသွားတဲ့အခါ အရာရာတိုင်းက လွယ်နေမှာပါ။ကျနော် recommend လုပ်တာကတော့အချိန်လေးရရင် ကိုယ် စိတ်၀င်စားတဲ့ ဘာသာရပ်တွေရဲ့ syllabus လေး ဖတ်ကြည့်ပါ textbook လေး ဖတ်ကြည့်ပါ internet ပေါ်မှာ do your own research ပါhttps://www.cambridgeinternational.org/.../camb.../subjects/

Exam formart က အလွှတ်ကျက် စနစ် အားမပေး

Science subjects တွေကိုတစ်အုပ်လုံး အလွတ် ကျက်သွားပြီး ဘာမှ နားမလည်ရင် ဘာမှ ဖြေလို့ တက်မှာ မဟုတ်ပါ။ မေးခွန်းတွေက ကျနော်တော့ ကြိုက်တယ် real life application တွေ မေးတယ် formula သိတာနဲ့ ပုတ်ဆာ ကောက်တွက်လို့ ရတဲ့အစား theory ကို အသုံးပြုပြီး ဖြေရှင်းရတာ များတယ်။ explain question တွေဆို eng လို paraphase ပြီးလဲ ရှင်းပြရတယ် physics မှာဆို အရမ်းသိသာတယ်ဗျ def ပဲ ကျက် formula ပဲ အလွှတ် မှတ်ခဲ့ရင် ဂိ တာပဲ အရေးကြီးတာက theory ကို ရဖို့ လိုက်တွေးဖို့ လိုက်အသုံးချဖို့ ပြီးရင် past paper များများ practice နိုင်ရင် အဆင်ပြေပါပြီPast paper sample လေးတွေကို ဒီ website မှာ ကြည့်နိုင်ပါတယ်https://papers.gceguide.com/Cambridge%20IGCSE/

10 တန်းလို ၀န်မပိ

အချိန် က ၁၈ လလောက် ယူတာမို့ rush စရာတော့ မလိုပါဘူး တနေ့ အနည်းဆုံး ၃ နာရီ၊ grade ကောင်းဆုံးလိုချင်ရင် အနည်းဆုံး 6 နာရီ study ပေးနိုင်ရင် အဆင်ပြေပါတယ်။ စာကို ပုံမှန်လေး လုပ်သွားပေးရုံပဲ။ ၁၈ လက ပေးရတာ တန်ပါ တယ်စာမေးပွဲ အောင်ဖို့ရည်ရွယ် ချက် ထက် ဒီဘာသာရပ်ကို စိတ်တကယ်၀င်စား လို့ သင်ယူတယ်ဆိုရင်ပေါ့လေ

Useful in real lifeEnglish ပိုင်းက ကျနော့်အတွက် useful အဖြစ်ဆုံးလို့ပြောရမှာပေါ့ advanced vocab တွေ လေ့လာဖြစ်ခဲ့တယ် Category ပေါင်းစုံက Text တွေ ကို ဖတ်ရတဲ့အတွက် Eng skill သာမက real life knowledge တွေပါ ရပါတယ် ဥပမာ- Science, Politics, Travel vlogs, Short stories, and so on အဲ့လိုမျိုးတွေ ဖတ်ရပါတယ် exam မေးခွန်းတွေ မဖြေခင် Necessary skills တွေ သင်ရပါတယ်(ဥပမာ - repeatition ဘယ်လို avoid မလဲ Short and Effective summary ဘယ်လိုရေးမလဲ connector တွေ ကို effectively ဘယ်လို သုံးမလဲ)ဒါတွေက အခုကော နောက် ရှေ့လျောက်တဘ၀လုံးစာ တန်ဖိုးရှိတာပဲဒါကတော့ efl ကိုဥပမာ ပေးလိုက်တာပါ တခြားဘာသာရပ်တွေလဲ ဒီလိုပါပဲ

Internet ပေါ်မှာResource အရမ်းစုံဒါကတော့ ကျနော် အကြိုက်ဆုံးအချက်ပါ။ ငွေကုန်ကျေးကျ လဲ သက်သာ၊ အချိန်ကုန် သက်သာ၊ efficient ဖြစ်။ past papers တွေဆို စာအုပ် လိုက်တွေ ၀ယ်စရာမလို သေသေချာချာorganizeပေးထားတဲ့ website တွေရှိတယ်။ science subjects တွက် အရမ်းအသုံးဝင်တဲ့ notes တွေ ရှိတယ်။ ဆရာရှင်းပြတာ နားမလည်လိုက်ရင်လဲ Youtube ပေါ်မှာ VDO တွေ အများကြီးရှိတယ် International Community လဲရှိတာမို့ ကိုယ်မေးခွန်းမေးတာနဲ့ ဖြေမဲ့သူတန်းစီနေကော။

ကျနော် internet ပေါ်က စာလုပ်နည်းကတော့ ဒီ website မှာhttps://www.physicsandmathstutor.com/ Topic အလိုက် past paper ကျင့်တယ်https://www.savemyexams.co.uk/ဒီမှာကတော့ Notes တွေ ကြည့်ပါတယ် savemyexams website မှာ notes for science subjects တွေက တော်တော်ကောင်းတာပါ

Online ပေါ်က သင်ယူ၍ ရနိုင်

COVID ကြောင့်ဖြစ်လာတဲ့ အဆိုးထဲက အကောင်းပါ ကျနော်ကတော့ online teaching ကို အရမ်းသဘောကျတယ်။ အချိန်ကုန်သက်သာတယ် မနက် အတန်း ၉ နာရီ ဆို ၁၀ မိနစ်စောထ ပြီး စာလေးသင်ရင်း breakfast လေးစားရင် လုပ်လို့ရတယ်။ သွားစရိတ်စားစရိတ်တွေ မကုန်တော့ ငွေကုန်လဲ သက်သာတာပေါ့Self Study ရင်လဲ မသိရင်မေးစရာ Google and YouTube ရှိနေတာအေးဆေးပဲ လေ။

Helpful for your careerဥပမာ သင်ဟာ IT ပိုင်းကို ဝါသနာပါသူ ဒါပေမယ့် အိမ်က သားရယ် ဆရာ၀န်ပဲ လုပ်ပါ လို့ အတွန်းခံနေသူတယောက်ဆိုပါဆို့ IGCSE မှာ Computer Science ယူလိုက်တာက သင့်အတွက် ကိုယ့်နှစ်သက်ရာ လမ်းကို လျှောက်ဖို့ လမ်းစ လေးဖြစ်သွားနိုင်ပါတယ်။ လမ်းစ လေးတွေ့မှတော့ လမ်းပေါ် တက်ပြီးပေါ့ လမ်းပေါ်တက်မှတော့ learning process မှာ ကိုယ့်ကို သင်ကြားပေးမဲ့ဆရာတွေ ကူညီပေးမဲ့ လူတွေ တွေ့ရပြီ ဒီကနေ တဖြည်းဖြည်း develope လုပ်သွားရင်း ကိုယ့်လုပ်နိုင်စွမ်းတွေက ထင်ထင်ရှားရှားဖြစ်လာတဲ့အခါ အိမ်က အမေ ကို သား ဆရာ၀န် မဖြစ်ချင်ဘူးလို့ ရဲရဲကြီးပြောနိုင်သွားပြီ။ မြန်မာကျောင်းမှာဆို တမျိုးဖြစ်သွားနိုင်တယ်လေ။ "မင်း ဆေးကျောင်းမှတ်မှီတယ် ဆေးကျောင်းပဲသွား ဝါသနာပါပါ မပါပါ" ဆိုတာတွေ ဖြစ်လာနိုင်တယ်အဓိက လမ်းစ လေးပါ။ international သင်ရိုး မှာ လမ်းစလေးတွေ အများကြီးရှိပါတယ်။ ရွေးချယ်စရာ option ပိုများပါတယ်

Needless to say, E စကေးတွေကောင်းလာမှာပါ။ပတ်၀န်းကျင်က ကျနော်တို့ကို influence လုပ်ပါတယ်။ ဘိုလို မှုတ်နေတဲ့သူ ကြားမှာနေရင် ကိုယ်လဲ ဘိုလိုမှုတ်နေမှာပါ ကျနော်လဲ ဘိုလိုမှုတ်နေပါပြီ international school တွေမှာ များသောအားဖြင့် eng လိုပဲ ပြောရတာ များတယ်လေ ဒီလိုပဲ၀င်တိုးရင်းတဖြည်းဖြည်းနဲ့ ကိုယ်လဲ ကျင့်သားရသွားတာပေါ့။ ဒါကတော့ advantage သေးသေးလေးဖြစ်ပေမယ့် ကျနော့် အတွက် အထောက်အကူ ဖြစ်ခဲ့တယ်။

အခက်အခဲတွေကကော

ငွေရေးကြေးရေး လူတွေက IGCSE ဆိုတာနဲ့ ဈေးကြီးတာကို တွဲမြင်ကြပါတယ် ဒါကလဲမမှားပါဘူး ကျောင်းစရိတ်တွေ က လဲတကယ်ကို ဈေးကြီးတာပါ course အပြီး သိန်းရာဂဏန်းကပ်တဲ့ကျောင်းတွေလဲ ရှိပါတယ် တစ်လ ၃ သိန်းလောက်ပဲ ကုန်တဲ့ online school တွေလဲရှိပါတယ် ကျနော်ကတော့ ကံကောင်းသွားတာပေါ့ ConceptX ကို Facebook ads ကနေတွေ့ပြီး တက်လိုက်တာ တလ ၇၀၀၀၀ နဲ့၁၁လ ရှိသွားပါပြီ လူတိုင်းကတော့ ကိုယ့် preference နဲ့ကိုယ်ပေါ့ ကိုယ်နဲ့ အဆင်ပြေမယ့် ကျောင်းတွေ ရှာ ကြည့်ပါ အများကြီးရှိပါတယ်

Eng skill လိုအပ်E လိုက အခြေခံတွေပိုင်နေဖို့ လိုတယ်လို့ ပြောရမှာပါ ကျနော်တို့ကျောင်းမှာတော့ grammarတွေ basic English တွေပြန်မသင်ဘူးWriting techniques တွေတန်းသွားတာ ပြီးသွားမှ တဖြည်းဖြည်း လိုအပ်တာ ပြန်ဖြည့်ပေးတာပါ

ကျနော် ယူရတာက EFL (English as First Language) ဖြစ်လို့ နယ်မြို့က eng စာ လဲ ငယ်ငယ်တည်းက အခြေခံမကောင်းခဲ့ တဲ့ ကျနော့်အတွက်တော့ အတော်လေး challenging ဖြစ်ပါတယ် CIS entrance test ဖြေတုန်းက Qualify တောင်မဖြစ်ခဲ့ တဲ့ အခြေအနေကနေဆရာရဲ့ သင်ကြားမှုကောင်းမှုကြောင့် တစ်နှစ်အတွင်းမှာ ဘိုလိုလဲ မတက် အူတူတူ အတတ ငဒူလေးဘ၀ ကနေ အများကြီးတိုးတက်လာတယ်လို့ ခံစားမိပါတယ်။ ဆရာက သင်ရိုးနဲ့သွားတာမဟုတ်ပဲ assignment တစ်ခုလုပ် ကျောင်းသားတွေရဲ့ weakness ကို ကြည့်ပြီး lesson တွေကို prepare ပေးတာမို့ အဆင်ပြေလာပါတယ်

ဒါပေမယ့် ရန်ကုန်မြို့ပေါ်က eng school သွားတဲ့ classmates တွေနဲ့ ယှဉ်လိုက်တဲ့အခါ အားငယ်ရတဲ့ အခိုက်အတန့်တွေက ရှိ နေတုန်း ပေါ့။

များသောအားဖြင့် နယ်ဘက်က လူတွေက ၀င်တက်ချင်ပေမယ့်လဲ Eလို ငါ အရမ်းညံ့ တယ် လုပ်နိုင်မှာမဟုတ်ဘူး ဆိုပြီး လက်လျော့ကြတာ များတယ်။ ကျနော်က တော့ ဖြစ်နိုင်တယ် ဆိုတဲ့ စိတ်လေး မွေးစေချင်တယ်။ စိတ်လေးထည့်ပြီး "ပညာလိုသော် ရေစုပ်ဖော့ ပမာ" ရရာ နေရာကနေ စု တစ်စိတ်ထဲထား နိုင်ရင် အချိန် အတိုင်းအတာ အတိုလေး အတွင်း တတ်မြောက်သွားနိုင်ပါတယ်။ အစ ပထမ ဘဲဥ ကွဲအောင် လုပ်တဲ့ အချိန်သာ အခက်ဆုံးပါ။ အဲ့တာလဲ တောင့်ခံ့နိုင်ပြီး ရှေ့တဖြည်းဖြည်းတိုးရင် ရောက်မှာပါ။

ADAPTATION လုပ်ဖို့လိုဒီအချက်လေးကြောင့် ကျောင်းသားတော်တော်များများ IGCSE ကနေ လိုင်းကူးသွားတယ်လို့မြင်ပါတယ်။ မြန်မာကျောင်းသားတော်တော်များများဟာ ကျုရှင်တက်ရတယ် သွားချင်ချင် မသွားချင်ချင် သွားရတယ် ကျုရှင် နေ့စဉ် ရှိလို့ စာ နေ့စဉ် လုပ်ဖြစ်တယ် ဒီမှာကျတော့ ကွာသွားပြီ ကျုရှင်ယူတဲ့ လူလဲ နည်းတယ်။ (ကျောင်းစရိတ် တခုထဲတောင် ဈေးကြီးတယ်လေ Guide ငှားရင် ပိုကုန်တာပေါ့) ကျောင်းသားတွေက အိမ်မှာ စိတ်ကို ထိန်းချုပ်ပြီး self study and revise ရတာပဲ။ မြန်မာကျောင်းသားအများစုက ငယ်ငယ်ကလဲ ကျုရှင်နဲ့ပဲ ကြီးလာတယ် ကိုယ့်ဘာကိုယ် စာလုပ်တာလဲ သိပ်မရှိ (ဥပမာ- ကျနော့် လိုပေါ့) အဲ့မှာ ထိတာပဲ နေ့စဉ် စာလုပ်ဖို့ စိတ်မထိန်းချုပ်နိုင် အသက်က ၁၅ ၁၆ စိတ်က မငြိမ် တဲ့အချိန် ဆိုတော့ သွားကုန်ရောပေါ့ အမှတ်က မကောင်း စိတ်ဓာတ်ကျ။ ကျောင်းထွက်သွား။ ကျနော်လဲ ဒီလို တထေရာထဲပါပဲ ဒါမဲ့ အတန်းမှန်မှန်တက်ပြီး အာရုံစိုက်တာရယ် exam နီးရင် အသကုန် cram တာရယ်ကြောင့် အဆင်ပြေနေတာပေါ့လေ

Exam feeofficial exam centre/ Birtish Council တွေမှာဖြေဆိုလို့ရပါတယ် exam fee ကတော့ တစ်ဘာသာကို ($200 ကျော်ကျော်) ၄၀၀၀၀၀ နီးပါးလောက်ရှိမယ်ထင်ပါတယ် ၇ ဘာသာ ဆိုမနည်းဘူးလေနော် တလုံးတခဲ တည်း မနိုင်ရင် နှစ်စတည်းက တနေ့ ၅၀၀၀ စုထားပါ။

After IGCSE pathway IGCSE ကလဲတက်ချင်တယ် Benefit တွေ များကြီးရှိတာလဲသိတယ် နည်းနည်း အဝေးကို ကြည့်လိုက်တော့ ငွေရေးကြေးရေးအခက်အခဲတွေ, နိုင်ငံခြားမှာတက်ရင် နေစရိတ်၊စားစရိတ်၊ကျောင်းစရိတ် Language Barrier, နှင့်တခြားသော အခက်အခဲ တွေကို ပြေးမြင် ပြီး လက်လျော့ ချင်စိတ်တွေ ပေါ်လာမှာပါ။ ဒီတွက် solution က ရိုးရှင်းပါတယ်။ မီးတောက်လို ဟုန်းဟုန်းတက်နေတဲ့ ဖြစ်ချင်စိတ်ရှိဖို့လိုပါတယ်ငွေကို အရင်းတည်လို့မရရင် အချိန်ကို အရင်းတည်ပါ။ လေ့လာမှုတွေပြုလုပ်ပါ။ လူကို ပိုအားထုတ်ပြီးလုပ်ရပါမယ်။ သိသူကို မေးမြန်းပါ။ကျနော် IGCSE ပြီးသွားရင်တော့ research သေချာလုပ်ပြီး after igcse pathway တွေ sharing လုပ်သွားပေးပါမယ်။ ကျနော်လဲ ငွေရေးကြေးရေး ပေါ်မူတည်ပြီး နံနံခြားမထွက်ပဲ ကိုယ်လေ့လာချင်တဲ့ ဘာသာရပ်ကို Online University OR online courses တွေ ယူဖို့ များပါတယ် မရရ တဲ့နည်းနဲ့တော့ ပညာရေးကို ဆက်ရမှာပေါ့However, တခါတလေ အဝေးကြီးကို မျှော်ကြည့်ပြီးတွေးပူနေရင် အလုပ်မဖြစ်ဘူးလေနော် လက်ရှိလုပ်စရာ ရှိတာလုပ်လိုက်ပါ။ နောင်လာ နောင်ရှင်းပေါ့

PLUS, လူတွေက ရှင်မဲ့အပင် အသီးသီးမဲ့အပင် ကို ရေလောင်းကြပါတယ်။ ကိုယ်သာ တော်နေရင် support တွေက အနောက်ကနေ တဖြည်းဖြည်း လိုက်လာမှာပါ။ သိပ်စိတ်မပူပါနဲ့။

Purpose ရှိဖို့လိုစ လုပ်တော့မယ်ဆို ငါဘာလုပ်ဖို့ join တာလဲ မိမိကိုယ့်ကို မေးပါ။ အစိုးရကျောင်းမတက်ချင်လို့လား။ အဆုံးထိ လျှောက်မှာလား။ မသိဘူးကွာ fb မှာ ကောင်းတယ်လို့ရေးတာ တွေ့လို့တက်လိုက်မှာလား။ ကျနော်အကြံပေးချင်တာကတော့ ဘာမှ မလုပ်သေးခင် တတ်နိုင်သမျှ အကုန်သိအောင်လုပ်ပါ။"တခြားပညာရေးလမ်း ကြောင်းတွေကော ဘယ်လိုရှိလဲ?", "သွားချင်တဲ့ နိုင်ငံ/University မှာကော IGCSE ကိုလက်ခံရဲ့လား? " စသဖြင့်ပေါ့

Stable internet and electricity လိုအပ်Online school ဆိုလိုင်းကောင်းဖို့နဲ့ ဖုန်း/laptop အားရှိနေဖို့အရေးကြီးပါတယ်။ မီးပျက်ရင် wifi router ကို powerbank နဲ့ အားပေးထားလို့ရပါတယ်။ Cable ကိုရှာ၀ယ်ကြည့်ပါ။Power bank အားများတာ ၀ယ်ပြီးသင်ပါ။Physical school ဆိုရင်တော့ Yangon and Mandalay မှာ ပဲများပါတယ်။

ကဲ စုံစမ်းပြီးပြီ သိလဲ သိပြီ စလုပ်တော့မယ်ဆို helpful suggestion လေးများ

တစိတ်ထဲ ထားပါဒါကအရေးကြီးဆုံးမို့ ထိပ်မှာတင်ထားတာပါ။ ကျနော် မလုပ်နိုင်တဲ့ အရာလဲဖြစ်ပါတယ် ကျနော်ဆို အရင်တုန်းက chinese လဲသင် အကဝါသနာပါတော့ အချိန်တိုင်း က jogging လဲလုပ် online shop တောင် ထောင်လိုက်သေးတယ်။ ဒါကြောင့် ရလဒ်က မကောင်းပါဘူး စာလုပ်ဖို့ အချိန်မလောက်တာတွေ ဆိုးကျိုးတွေ များကြီးပေါ့ ပါးပါး သတိပေးတော့မှ တဖြည်းဖြည်း cut off လုပ်ရင်း ခုဆို စာပဲ အချိန်ပေးနိုင်အောင်ကြိုးစားနေပါတယ်။

Set realistic goals(A တွေပဲ လိုချင်သူဟာ A တွေပဲ လိုချင်စိတ်တွေ တဖြည်းဖြည်း နဲ့ ပြင်းထန်စွာ ဖြစ်အောင် မွေးမြူပြီးA တွေပဲရနိုင်မယ့် အလုပ်တွေလုပ်လာရပါမယ်။ ဒါလဲ အရေးကြီးပါတယ်။ ကျနော်မလုပ်ခဲ့တဲ့ အရာပါပဲ။)

ကိုယ့်ကို ပြောနိုင်ဆိုနိုင်တဲ့သူက စာလုပ်ဖို့ တိုက်တွန်း ပေးနေဖို့ လိုပါတယ်(အရေးကြီး ပါတယ် self-discipline က ခက်ပါတယ် especially for government-curriculum students like me။ ပြောမယ့်လူမရှိ ကိုယ့်ကိုယ် ကို မထိန်းနိုင်ရင် Guide ငှားပါ)

နေ့စဉ် စာလုပ်ဖို့အချိန် လေး ပေးပါ (at least 3 hours)ကျုရှင်တက်နေရသလို ဇွဲရှိရှိလုပ်ဖို့ ကြိုးစားကြည့်ပါ

internet ကို အသုံးချ ပြီး စာလုပ်ဖို့ လိုပါမယ် (notification mute ပြီးမှ လုပ်နော် )

study smarter and harder(အလွတ်ကျက်တဲ့ အကျင့်လေး ဖျောက်ပြီး အတန်းချိန်မှာ အာရုံပိုစိုက်ပြီး လေ့လာချင်စိတ် လေးမွေးမြူပါ)

သင်သည် ကိုယ့် mind prison ထဲမှာပဲ ပိတ်မိနေနိုင်

ဒါဟာကိုယ်တွေ့ဖြစ်ရပ်လေးပါ လွန်ခဲ့တဲ့ နှစ်လလောက်တုန်းက computer science teacher အပြောင်းအလဲ ဖြစ်တာ အသစ်ဖြစ်သွားတဲ့ teacher နဲ့ သင်တာ အဆင်‌မပြေဘူးပျင်းဖို့‌ေကာင်းတယ် လို့ ခံစားရမိတယ်။ ဒါမယ့် သူဟာ သိပ်မကြာခင်မှာပဲ သူ့ရဲ့ teaching style ကို ပြောင်းလိုက်တယ်။ အဲ့တာကို ကျနော့်ကို ဒီ teacher နဲ့ဆို ‌ပျင်းဖို့ကောင်းတာပဲဆိုပြီး အတန်းထဲမှာဆိုအိပ်နေကော။ တစ်ရက်ကျ ကျနော် အပြောင်းအလဲလုပ်ကြည့်တယ် ငါတရက်လောက် အာရုံစိုက် ကြည့်ကြည့်မယ်ဆိုပြီး လုပ်လိုက်တာ ဆရာမ သင်‌‌ နေတာ အရမ်းအဆင်ပြေသွားမှန်း သိလိုက်ရတယ် အဲ့ခါမှ ကိုယ့်နဖူးကိုယ်ရိုက်ပြီး ငါ့ စိတ်ထောင်ချောက် ထဲမှာ ငါပိတ်မိနေပါလားဆိုပြီး။ နောက်တစ်ခု ဥပမာ ထပ်ပေးမယ်။ ကျနော်က ကျောင်းစတက်တည်းက ငါ့ eng ညံ့တယ် exam တွေဖြေရင်လဲ အမှတ်ကောင်းမှာမဟုတ်ဘူး ဆိုပြီး အမြဲတွေးမိတယ် သိပ်မကြာသေးခင်ကပဲ ကျနော် အပြောင်းအလဲတစ်ခုလုပ်ကြည့်တယ် အဲ့တာက ၁ နာရီ ပဲ ကြာမယ့် assignment ကိုသေ‌သေ‌ချာချာ အပြန်ပြန်အလှန်လှန် စဉ်းစားတာ no pain no gain ဆိုတာအရမ်းမှန်တာ ကိုယ့်ဘက်က ကြိုးစားမှုပေးမှ အောင်မြင်မှုရတာ နောက်နေ့ အတန်း ထဲမှာ အိမ်စာစစ်တော့ ကြိုးစားမှုနဲ့ထိုက်တန်တဲ့ အမှတ်ကောင်းရတယ်။ အဲ့နေ့ကျမှ ပြန်တွေးကြည့်မိတယ် ငါ eng ညံ့တယ် ညံ့တယ်ဆိုပြီးသာ တွေးနေတာ ကြိုးမှ မကြိုးစားတာ ဘယ်ရ ပမလဲဆိုပြီး

More resources:

IGCSE discord group
https://www.facebook.com/101292635526657/posts/104100648579189/

IGCSE subjects ဘယ်လိုရွေးမလဲhttps://www.facebook.com/957020454364762/posts/3839625459437566/

IGCSE အကြောင်းသိထားသင့်တဲ့ ဆယ်ချက်https://www.facebook.com/139273056448983/posts/1392847727758170/

About IGCSEhttps://www.facebook.com/100000111498246/posts/4455888951091444/

GED အကြောင်းhttps://m.facebook.com/story.php?story_fbid=812134873506&id=46500201

Differences between IGCSE and GEDhttps://m.facebook.com/story.php?story_fbid=816657525076&id=46500201

USA educationhttps://www.facebook.com/46500201/posts/849448227246/100017175341054

ကျ‌နော့် သူငယ်ချင်း ၄ ယောက်ရှိတဲ့ Community Collegehttps://m.facebook.com/story.php?story_fbid=10159072785273952&id=767588951

ConceptX review by MEhttps://m.facebook.com/story.php?story_fbid=955856388330197&id=100017175341054

Google Workspacehttps://m.facebook.com/story.php?story_fbid=147461237789871&id=106721331863862

FAQs:IGCSE အောင်လတ်မှတ်နဲ့ Myanmar Uni တွေ၀င်လို့ရလား?No မရပါဘူး

IGCSE ကခက်တယ်ဆိုစိတိမ၀င်စားရင် အကုန်ခက်တာကြီးပါပဲ မြန်မာကျောင်းနဲ့ ယဉ်မယ်ဆို တချို့နေရာတွေမှာ မြန်မာကျောင်း က ပိုတောင်ခက်နေပါသေးတယ် (ဥပမာ-physics ဆိုပါတော့ ig မှာကျ calculation နည်းတယ် calculator လဲပေးထားတယ် များသောအားဖြင့် concept တွေမေးတယ် ခက်တယ်မခက်ဘူးဆို‌တာ ကျောင်းသားပေါ်မူတည်တာပေါ့ တွက်ရတာ ပဲ ကြိုက်တယ်ဆို IGCSE physics က ခက်နေမှာပေါ့)

IGCSE က ဘယ်သူတွေအတွက် သင့်တော်လဲ IGCSE ကို မြန်မာကျောင်း၈ တန်းအောင် ၉ တန်းအောင် အသက် ၁၄ နှစ် ၁၅ နှစ်အရွယ်လောက်ဆို အသင့်တော်ဆုံးပါပဲ ကျောင်းတွေမှာ entrance test တွေရှိပါတယ် အောင်မှ တက်လို့ရပါတယ်။

Guideငှားပြီးသင်ရင်ကောင်းမလားကိုယ့်အား ကိုယ်ကိုးပြီး revise လုပ်မလား Guideငှားရင် ပိုက်ဆံကုန်တာပေါ့ ဒါပေမယ့် အာရုံစူးစိုက်ဖို့လဲ အများကြီးကူညီပေးနိုင်မှာပါ But သင်ဟာ Study abroad လုပ်မယ့်သူ ဆိုပါဆို့။ ‌အိမ်က လဲ အများကြီးမထောက်ပံ့နိုင်ဘူး။ ကျောင်းစရိတ်နဲ့နေစရိတ်စားစရိတ်ကိုတောင် အနိုင်နိုင် part time jobs တွေ အများကြီး လုပ်ပြီးရှာထားရတာ။ ဘယ်ကလား Guide ငှားနိုင်မှာတုန်း။ ဒီအချိန်မှာ ကိုယ့်အားကိုယ်ကိုး စာလုပ်တတ်တဲ့အကျင့်တွေ အာရုံစိုက်နိုင်တဲ့ အကျင့်တွေလိုလာပြီလေ။

ဒါလေးရေးရခြင်းသဘောတရားက "အခြေအနေတိုင်းသည် အခွင့်‌အရေးတွေသာ ဖြစ်သည်။ အရာရာတိုင်းဟာ ကောင်းဖို့ ဖြစ်လာတယ်"ဘာလို့လဲ ဆိုတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေး မတည်ငြိမ်ပါဘူး။ အချိန်မရွေး အင်တာနက် ပျက်သွားနိုင်တယ်။ မီးတွေ မလာတော့တာမျိုးတွေ။ အဲ့ခါကျရင် စိတ်ဓာတ်မကျသွားဘဲ ကိုယ်ရ နိုင်သလောက် လုပ်ဖို့ encourage လုပ်ခြင်းတာပါ။ (မိဘတွေကလဲ ကျနော့်အဖေလို "သားရယ် မင်းအမှတ်ကောင်းကောင်းမကောင်းကောင်း အဆင်ပြေတယ် မင်းဒါတွေသင်နေရရုံနဲ့တန်နေပြီ" ဆိုတဲ့ စိတ်ထားပေးနိုင်ဖို့လဲလိုပါမယ် ကလေးကိုလဲ သင့်တင့်မျှတတဲ့ push လေးပေးရင်‌:နဲ့ပေါ့)

မေးခွန်းအတွက်ကျနော့်အဖြေ က ရှိတဲ့ဟာနဲ့ ရအောင်လုပ်ပါ။ ကိုယ့်မိသားစုက ငွေရေးကြေးရေးပြေလည်တယ်ဆို ရင်တော့လဲ Guide ငှားရင်ငှားပေါ့။မဟုတ်ရင်တော့ ကိုယ့်ဟာကိုယ် လုပ်ပါ။ မိဘကို ငှဲ့ပါ။

(မေးခွန်းတွေရှိရင် ထပ်ဖြည့်ပေးပါ့မယ်)

အကျဉ်းချုပ် နဲ့ motivationဒီစာလေးကနယ်မြို့က ကျောင်းသားတွေအတွက် ဇောင်းပေးပြီး ရေးထားတယ်လို့ ပြောရင် မမှားပါဘူး မြို့ပေါ်က လူတော်တော်များများက သိပါတယ် ကျနော့်တုန်းကလဲ မနှစ်တုန်းက ဒီလိုချိန် အရမ်းလမ်းပျောက်လို့ ပါးပါးက "မင်းမှာ internet access ရှိတယ် အချိန်ရှိတယ် ဒါတွေ အသုံးချပြီး ကိုယ့်ပညာရေး ကိုယ်မြင့်တင်" လို့ Guideline ပေးခဲ့လို့ ဟိုဟိုဒီ လိုက်ရှာရင် IGCSE ဆိုတာဘာလဲ GED ဆိုတာကော OSSD ဆိုတာကော ဈေးက ဘယ်ဟာ ပိုသက်သာမလဲ ဘယ်ကျောင်းတွေမှာ သင်လို့ရမလဲ ဆိုတာကို Google and Facebook အားကိုးနဲ့ ကိုယ်တိုင် ကိုယ်ကျ ရှာဖွေတွေ့ရှိခဲ့တာပါ။ သိကျွမ်းတဲ့ လူတွေကို လဲ မေးခဲ့ရတာပေါ့ ပါးစပ်ပါ ရွာရောက်တယ်လေ။ အစက ဘာဆို ဘာမှ မသိခဲ့ပါဘူး။ "မသိရင် သိအောင်လုပ်ပါ" လို့ အကြံပြုရင်းနဲ့ စာရှည်လေးကို နိဂုံးချုပ်လိုက်ပါတယ်