CIS Placement Test Guide

CIS Placement Test Guide

Jul 14, 2022

CIS Placement Test Guide

A guide to take CIS placement test secondary 1, 2, 3 ၀င်လိုသူများအတွက်။ CIS placement test လဲ တခြား international school ‌ တွေနဲ့ သိပ်မကွာတာဖို့ လိုအပ်သူဆို ဖတ်ကြည့်ပါ။

English and math 2 ခု စစ်ပါတယ်။#MathMath က Arithmetic, Algebra, and Geometry‌ တွေစစ်ပါတယ်

Sec 1 and 2 လောက် ၀င်ချင်သူဆိုArithmetic -> https://www.khanacademy.org/math/arithmeticPre-Algebra ->https://www.khanacademy.org/math/pre-algebraBasic Geometry -> https://www.khanacademy.org/math/basic-geo

ဒီ link တွေမှာ သင်ယူပါ၊ ကျင့်ပါ၊

Sec 3 (IG တန်း) လောက် မှန်းတယ်ဆိုအပေါ်က သုံးခု အပြင်

algebra basic -> https://www.khanacademy.org/math/algebra-basicsHigh school geometry -> https://www.khanacademy.org/math/geometry

တွေကို လေ့လာထားပါ။ ထပ်လုပ်နိုင်သေးတယ်ဆို Algebra 1 -> https://www.khanacademy.org/math/algebraပါ လုပ်ထားပါ။

ဒါတွေကို ပြန်လေ့လာခြင်းအားဖြင့် entrance test တွက်သာမက ‌စာသင်နှစ် တစ်နှစ် လုံးအတွက် အထောက်အကူ အရမ်းပြုမှာပါ။

ဒါနဲ့ Khan academy မှာ သင်ချာအပြင် good quality ရှိတဲ့ free course တွေအများအပြား တွေ့ရမှာပါ၊ explore လုပ်ကြည့်ပါ။ တစ်ခု guarantee နိုင်တာက khan academy မှာ သင်ခန်းစာတွေက ပျင်းဖို့လုံး၀မကောင်းပါဘူး။ ကာတွန်းပုံလေးတွေ အမှတ်လေးတွေနဲ့ မသိရင် ဂိမ်းဆော့နေရသလိုပါပဲ။ ကိုယ်ဖြေမယ့်ရက် နဲ့ညှိ ပြီး study plan ဆွဲပြီး လေ့ကျင့်ပါ။

#English

Reading and writing စစ်ပါတယ်။ Reading က စာတစ်ပုဒ်ပေးထားပြီး မေးခွန်း ၁၀ခုမေးပါတယ်။ writing က essay တစ်ပုဒ်မေးပါတယ်။

ဘယ်မှ မသွား‌ခင် ပထမဦးစွာ အကြံပေးချင်တာက Basic Grammar တွေ‌ တော့ ပိုင်အောင်လုပ်ပါ။ writing က ရေးကျင့်မရှိလို့ သိပ်ဖတ်လို့မကောင်းရင်တောင် grammar ပိုင်ကြောင်း basic တော့ ပိုင်ကြောင်းပြနိုင်ရင် ကိုယ်လိုချင်တဲ့အတန်း ၀င်နိုင်ပါတယ်။

*Grammar*

https://learnenglish.britishcouncil.org/gra.../b1-b2-grammarဒီ website လေးထဲမှာ grammar တွေ အစဉ်လိုက် သင်ယူလို့ရပါတယ်။ level အလိုက်ပေါ့။ level test ကို English score ဆိုတဲ့ appကနေ free စစ်လို့ရပါတယ်။

https://www.facebook.com/320636751652754/posts/886725561710534/ဒီ post လေးထဲမှာ မြန်မာလို grammar တွေကို topic အလိုက် စနစ်တကျ သေသေချာချာ ရှင်းပြထားပါတယ်။

နောက်ပြီးတော့ Grammar တွေကို သင်ယူဖို့ Youtube မှာ ကိုယ့်ဟာကိုယ် ရှာကြည့်လို့ ရပါတယ်။ ကျနော်တော့ yt vdoနဲ့ မသင်ဖူးဘူးဗျ။ အဆင်တော့ ပိုပြေမယ် ထင်ပါရဲ့။

လေ့ကျင့်မယ်ဆို

English grammar app -> https://play.google.com/store/apps/details...

ဒီ App လေးမှာ topic အလိုက် grammar exercises တွေအစီအစဉ်တကျရှိပါတယ်။

Grammar dictionary အတွက်ဆို

Grammar monster -> https://www.grammar-monster.com/ဒီ website လေးက English လိုပဲ grammar တွေကို topic အလိုက် စနစ်တကျ သေသေချာချာ ရှင်းပြထားပါတယ်။ တကယ် အစုံကို ရှိတာပါ။ ပြီးတော့ exercises တွေ tips တွေ ရေးသားထားတာမို့ ပိုပြီး လေ့လာရတာ ပြည့်စုံမှာ။

Grammar တွေရသင့်သ‌လောက်ရပြီး လို့ခံစားရရင်

*Reading* ဆက်သွားရအောင်

https://www.yeuanhvan.com/toefl.../1310-toefl-readings-13

ဒီ link လေးမှာ 10 ခုလောက်အနည်းဆုံးလေ့ကျင့်ပါ။ (ကိုယ်က eng text တွေကို ဖတ်တာ ကျင့်သားမရှိသေးရင် ပိုပြီးလေ့ကျင့်ပါ။) ဖတ်ရင်း မသိတဲ့ Vocabulary တွေ grammar pattern တွေ တွေ့လိမ့်မယ်။

Oxford dictionary ->https://www.oxfordlearnersdictionaries.com/

ကိုသုံးပြီး advanced vocab တွေကို လေ့လာပါ။ လေ့လာပြီး ရပြီးဆိုတဲ့ vocab တွေကို notepad မှာ meaningရယ် example sentences ရယ်ချရေးပါ။ (ကျနော်ဆို ဒီလိုပဲ လုပ်ပါတယ်။ vocab တွေကို သီးသန့် ကျက်တာက ထင်သလောက် effective မဖြစ်ပါဘူး။)

*Writing*

Grammar တွေလဲရပြီ voab ‌တွေလဲ အသုံးပြုနိုင်ပြီ။ Reading လဲကောင်းလာပြီးဆို Writing က လွယ်ပါတယ်။ တစ်ခု သတိပေးချင်တာက writing ကောင်းဖို့ Write ကို Write ရမှာပါ။

Write and improve ->https://writeandimprove.com/

ဒီ website မှာ လေ့ကျင့်ပါ။ writing တွက် topic လေးတွေ ပေးထားပါတယ်။ စာရေးရင် တစ်ခါထဲကြည့်သွားလို့ရမယ့် word count ပါမယ်၊ timer ပါမယ်။ ရေးပြီးရင် community က response ပြန်ပေးပါတယ်တဲ့။ အနည်းဆုံး ၁၀ ပုဒ်လောက်တော့ ကျင့်ပါ။ ကျနော်အပါအ၀င် ကျောင်းသား အများစုက writingမှာ ထိကြတာပါပဲ။

English အတွက် အကျဉ်းချုပ်ရရင်reading က သိပ်မခက်ပါဘူး ကျနော်ပေးတဲ့ website ထဲက ပုံစံပဲ မေးတာပါ။ writing က လဲ essay တစ်ပုဒ်ပဲ ရေးခိုင်းတာပါ။ ကျနော်တို့ခေတ်က၊ essay, letter, and summary ကို ၂ နာရီတွင်းရေးခိုင်းတာပါ။ ခုတော့ ဖြေနိုင်တဲ့ သူနည်းလို့ ဖြေလျော့ထားတယ်နဲ့ တူပါရဲ့။

ဪမေ့တော့မလို့... *oral test* ရှ်ိသေးတယ်နော်။ speaking အတွက်က class နဲ့သင်ပါ။ conversation club တွေ join ပါ။

Here's the collection of English speaking clubs -> https://www.facebook.com/104153398665778/posts/133162409098210/

CIS Entrance test က ကျနော့်အတွက် stressful တော်တော်ဖြစ်ခဲ့ပါတယ်။ ဖြေခဲ့သမျှ စာမွဲအကုန်လုံးမှာ စိတ်အ ညစ်ရဆုံးလို့ တောင်ပြောရပါတယ်။ ဘာကြောင့်လဲဆိုတော့ အချိန်ရှိတုန်းမှာ အားအားယားယား နေခဲ့လို့ပါ။ ဒါကြောင့် ညီလေးတို့ ညီမလေးတို့ ကိုယ်မှန်းတဲ့ အတန်း၀င် အောင် အတတ်နိုင်ဆုံးပြင်ဆင်ကြပါလို့ အားပေးပါတယ်။

ဒီ post ထဲက facts တွေမှားနေရင် ပြင်ပေးနိုင်ပါတယ်။ လိုအပ်တာရှိရင်ပြောသွားပါ။