Nov 5, 2022

Eng စာလေ့လာသူတိုင်း ဖုန်းထဲမှာ မရှိမဖြစ် သွင်းထားသင့်တဲ့ Game
စာလဲ သီးသန့်လုပ်ဖို့ အချိန်ပေးနိုင်ဘူး။ စာအုပ်အလေးကြီးတွေလဲ မဖတ်ချင်ဘူး။ Advanced vocab တွေ Grammar တွေ Synonyms တွေတော့ တတ်ချင်တယ်။ ဘယ်လိုလုပ်မလဲ??
ဒီ Game လေးကိုသာ အားအားယားယား ရှိတိုင်း ဆော့နေလိုက်ပါဗျ။ ကျနော်သာ award တွေပေးရတဲ့လူ ဆိုရင် ဒီ Game ကို game of the Century လောက်ပေးချင်တဲ့ အထိကို ကောင်းပါတယ်။ Game လို့သာပြောတယ် ဗျ Eng စာအုပ်ကြီးကိုင်ပြီး မျက်စိတညောင်း ဖတ်တာထက်တောင် ပိုပြီး Effective ဖြစ်သေး။ Graphic တွေက Minimalism ဆန်ဆန်နဲ့လေ ကြည့်ရတာ မျက်စိပဒေသ ဖြစ်လှပါတယ်။ "ပျင်းဖို့ ကောင်းလိုက်တာ" ဆိုတဲ့ အတွေး လေးတောင် ၀င်လာမှာမဟုတ်ပါဘူး။
Game ထဲမှာ အပိုင်း 5 ပိုင်း ရှိပါတယ်။ Writing, Speaking, Reading, Math, Memory ဆိုပြီးတော့ပေါ့။ အပိုင်း 1 ပိုင်းဆီမှာ Game အခွဲသေးသေးလေးတွေ 10 ခုရှိပါတယ်။ တစ်ခုချင်းစီတိုင်းဟာလည်း ဆော့ရတဲ့ပုံ ကွဲပြားပြီး သင်ရတဲ့ဟာလဲ ခြားနားပါတယ်။ Writing ထဲက games တွေမှာဆို spelling checks တို့ အမှားရှာရတာ တို့ Comma ထည့်ပေးရတာတို့ လုပ်ရပါတယ်။ Speaking ပိုင်းမှာဆို adjectives တွေ synonyms တွေ များများသင်ရတယ်။ Reading မှာဆို စာမြန်မြန် ဖတ်၊ စာထဲကနဲ့ ဘာ extract ရလဲ စသဖြင့်ပေါ့။ ပြီးတော့ Study section ဆိုတာလဲ ရှိသေး Flash card လေးတွေနဲ့သင်ရတာပေါ့ ကျနော်ကတော့ Game တွေပဲ ဆော့ဖြစ်တာများပါတယ်။
ကိုယ်က ဆော့လေ ကောင်းလာလေ ဆို တဖြည်းဖြည်း Vocab တွေ Challenge တွေက ခက် သထက်ခက်လှပါတယ်။ ကျနော်ဆို ဆော့တာကြာပြီး difficulty level 400 လောက်ရှိတဲ့ထဲမှ 100 ၀န်းကျင်ပဲ ရောက်သေး (ဒါတောင် တော်တော်ခက်နေပြီ တချို့ Vocab တွေဆို မသိဘူး)
ကျနော်ဆို ဂိမ်းဆော့နေရင် ရလာသမျှ Vocbs တွေ Idioms တွေ Phrasal Verbs တွေအကုန် notepad ထဲချမှတ်ပါတယ်။ ဂိမ်းဆော့ပြီးသွားတာနဲ့ Oxford Learners' Advanced Dictionary မှာ meaning ပြန်ရှာတယ် နမူနာ sentences တွေဖတ်တယ် ပြန်သင်ယူတယ်။ နောက်ကျနော် Essay ရေးရင် ရရင်ရသလို ဒီဟာတွေ ပြန်သုံးပါတယ်။ ( ဒီနည်းလေးက အသုံး၀င်ချက်ပဲ ရရင်ရသလို ကောက်ယူတဲ့နည်းပေ့ါ )
ဆော့ချင်တဲ့အချိန် ဆော့လို့ရပေမယ့် တစ်နေ့ကို game 3ခု (or) 5ခု ပြီးရမယ့်ပုံစံ လေး လဲ ပါပါတယ်။ daily workout ကို ရက်ဆက် ဆော့ရင် Streak ရတဲ့ သဘော မျိုး ပေါ့။ အဲ့တော့ကျနော့်ဆို Streak မပြတ်ချင်လို့ ညအိပ်ခါနီး မဆော့ရသေးရင် "ဟာ ငါ့ 1 ပတ်ကြာ Streak ကြီး အပြတ်မခံနိုင်ဘူး သွားဆော့ဦးမှ" ဆိုပြီး ဆော့ဖြစ်ပါတယ်။
ကိုယ် ဆော့ခဲ့တဲ့ Game နဲ့ပတ်သက်ပြီး data အကုန်ကို Performance page မှာ သေသေချာချာ လှလှ ပပ လေး ပြထားပါတယ်။ (အမြဲတိုင်းလိုလို ဂိမ်းဆော့တိုင်း App UI interface ပိုင်းတာ၀န်ယူရတဲ့ designers တွေကို လေးစားမိတယ် လှလွန်းလို့)
Download Elevate:
Playstore link - https://play.google.com/store/apps/details?id=com.wonder
Apkpure link - https://apkpure.com/elevate-brain-training-games/com.wonder
IOS app store link - https://apps.apple.com/.../elevate-brain.../id875063456
Free version ဆိုရင် တစ်နေ့ 3 ခုပဲ ဆော့လို့ရပါတယ်။ Subscribe ရင်တော့ Unlimited ပေါ့ တစ်လ 9000 လောက် ကျပါတယ်။ ပိုက်ဆံအဆင်မပြေဘူး ဆို mod apk နဲ့ ဆော့လို့အဆင်ပြေပါတယ်နော် Chat box မှာ လာမေးပါ။ (For Android only)
Related posts:
Review of Episoden (Best website for English speaking): https://m.facebook.com/story.php?story_fbid=145968964840200&id=100082812927163