Oct 31, 2022

English speaking လေ့ကျင့်ဖို့ ပိုက်ဆံတပြားမှ မကုန် ကြော်ငြာကင်းတဲ့ အကောင်းဆုံး Website? (Review)
အခုဆို မြန်မာနိုင်ငံမှာ လူငယ်တွေဟာ အရင်ကထက်ပိုပြီး တိုက်တိုက်တွန်းတွန်း English ကိုလေ့လာနေကြပါတယ်။ Grammar တွေ English idoms တွေဘာညာက တော့ လေ့လာနိုင်တဲ့ source တွေ အများအပြားရှိပေမယ့် Speaking ကျတော့ အလကားလေ့ကျင့်ဖို့ ဘိုလုပ်မလဲ? ဘိုလိုမှုတ်တတ်တဲ့ နံနံခြားသား or နံနံခြားသူ ကို ရည်းစား ကောက်ထားလိုက်ရမလား Speaking ကောင်းဖို့?
ဟဲဟဲ မဟုတ်ပါဘူးနော်.... Free resource တွေရှ်ိတာပေါ့ Omegle တို့ဘာတို့ ဆိုကြားဖူးနေကြမှာပါ။ ဒါမဲ့ အဲ့တာက English speaking အတွက် Optimized မဖြစ်ပါဘူး အဓိကက လူစိမ်းတွေနဲ့ စကားပြောဖို့ကို ပိုပြီး Target ထားကြတယ်ပေါ့။
ကျနော် မထင်မှတ်ပဲ System လည်းကောင်း Members တွေလဲကောင်း Customer service တွေလဲကောင်းတဲ့ English speaking ပြောဖို့ အကောင်းဆုံး (ကောင်း 3 ကြိမ်) "Episoden" ( https://episoden.com/main ) ဆိုတဲ့ ကိုးရီးယားလူမျိုး တစ်ယောက် လုပ်ထားတဲ့ website လေးကို ရှာတွေ့ခဲ့တယ်ဗျ။ သူရဲ့ ငြီးငွေ့ဖို့ မကောင်းတဲ့ အချက်ကလေ Session တိုင်း Session တိုင်းမှာ လုံး၀မတူ ကွဲပြားတဲ့ topic တွေ ပေးထားတာပါပဲ။ တခါတလေ Topic လွယ်လွယ်လေးတွေဖြစ်တဲ့ ကိုယ်အကြိုက်ဆုံး TV show အကြောင်းပြောပါ ဆိုပြီးပေးတတ်တယ်။ စဉ်းစားရခက်တဲ့ topic တွေလဲ ပေးတတ်တယ်။ ဒါတွေကို ကိုယ့် partner နဲ့ ကိုယ် 7 မိနစ် အတွင်း အပြန်အလှန် ဆွေးနွေးရမှာပါ။
ပြီးတော့ လုံး၀ လုံး၀ Free ပါ Ads လဲ ကင်းပါတယ်။ ဒီလို Free နိုင်ဖို့ တော်တော်လဲ ဩချလောက်တဲ့ System နဲ့လာတယ်ဗျ။ဒါက White Ticket and Purple Ticket system ပါ။ ဒီလိုဗျာ...နေ့တိုင်း ၂၄ နာရီတစ်ခါ အဖြူရောင်လက်မှတ် ၅ ခုရတယ်။ (အများဆုံး ၅ ခုပဲ သိမ်းဆည်းခွင့်ရှိ) session တစ်ခု ကို ၀င်ဖို့ လက်မှတ်တစ်ခု သုံးရတယ်။
ဆိုတော့ တစ်နေ့မှ 5 ကြိမ်ပဲ ၀င်လို့ရတာပေါ့???
"ဟာနည်းလိုက်တာ..."
မဟုတ်ဘူးဗျ ကိုယ့် နဲ့ စကားပြောသွားတဲ့ partner က ကိုယ့်ရဲ့ အပြောအဆို လေးတွေ ခိုက်ပြီး Good rating လေး ပေးသွားရင် Purple ticket တွေ ရတယ်ဗျ။ အဲ့တာလေးနဲ့ ဆက်ပြီး Join နိုင်ပါတယ်။
နောက်ပြီးတော့... စကားပြောတဲ့ အပိုင်း။ ကျနော် စစ ၀င် Try တုန်းက ဂျပန်2ယောက်၊ ဘရားဇီးက တစ်ယောက်၊ တရုတ်က တစ်ယောက်၊ အနောက်နိုင်ငံ က တစ်ယောက် သူတို့နဲ့ စကားပြောခဲ့ရတယ်ဗျ။ Ometv ကလို Asian မြင်တာနဲ့ Skip တဲ့ White people တွေနဲ့ ကွာချက်ပဲ။ Friendly အတော်ဖြစ်တာ၊ တချို့နဲ့ဆို မိတ်ပါဖွဲ့ခဲ့သေး။ တစ် session 7 မိနစ်ပဲဆိုတော့ အလုအယက် contact information share ရတာပေါ့။
နောက်နေ့ကျ စမ်းသပ်ချင်လို့ နောက်အကောင့်တစ်ကောင့်ကို English level Intermediate ထားပြီး ဝင် ကြည့်တယ်။ အံ့ဩစရာက 5 ကြိမ်ဆက်တိုက် ရွှေမြန်မာတွေနဲ့ တိုးတာပါပဲ။ အများစုက ကောင်းကောင်းပြောနိုင်ပေမယ့် တချို့ ပြောတာကိုတော့ နားလည်ရခက်တယ်ပေါ့။ Episoden က 2021 မှာစခဲ့တာမို့ အခုချိန်ထိ ပိုကောင်းဖို့ ပြင်နေတဲ့ Stage မှာပါပဲ။ နောက်ပိုင်းမှာ Matching system က ပိုကောင်းလာမယ် မျှော်လင့်ပါရဲ့။
ဪ ဒါနဲ့ Session တွေက schedule နဲ့ သွားတာပါ။ Timezone လေးရှိပါတယ်။မနက် 2ခွဲ ကနေ 4ခွဲ ထိ (7-min session ပေါင်း 14 ခု)မနက် 6ခွဲ ကနေ နေ့လည် 2ခွဲ ထိ (7-min session ပေါင်း 42 ခု)ညနေ 5ခွဲ ကနေ ည 12ခွဲ ထိ (7-min session ပေါင်း 49 ခု)
Time table ဒီမှာကြည့်ပါ။https://www.episoden.com/overview
အဲ့ အချိန်တွင်းမှာ ၀င်ပြောရတာပေါ့။ အကယ်လို့ ကိုယ် ၀င်လိုက်တဲ့အချိန်က ထားပါစို့ 7 နာရီ တိတိ ပေါ့ next session က 7 နာရီ 5 မိနစ်မှ စမယ်ဆို Waiting room မှာ Host နဲ့ စကားပြောနေရပါတယ်။ ဟိုနေ့ကတော့ မြန်မာ host အမကြီး ချောချောလေး တွေ့ခဲ့သေးတယ် များသောအားရင် Philippines Host တွေတော့ များပါတယ်။
နောက်တစ်ချက် ချီးကျုးချင်တာက Customer Service ဗျ။ ကျနော်ရှက်ရှက် နဲ့ ၀န်ခံရဦးမယ်။ မရည်ရွယ်ပဲ rule violation လုပ်လိုက်မိတယ်ပေါ့ စကားတွေ အများကြီးပြောချင်ပြီး အကောင့်တွေ အများကြီးဖွင့်လိုက်လို့ System က detect လိုက်ပြီး အကုန်လုံးပိတ်ချတာခံလိုက် ရပါတယ်။ တိုင်တွေ ပတ် ဘာလုပ်ရမှန်းမသိ ဖြစ်နေတုန်း Chat with Episoden feature ကနေ အကျိုးအကြောင်းပြောပြ ကြည့် မယ်ပေါ့။ 5 မိနစ်အတွင်း Reply ပြန်လာပါတယ်။ ရှင်းပြလိုက်တော့ တစ်ကောင့်တော့ ပြန်လွှတ်ပေးမယ်တဲ့။ ကျနော်ကလဲ တော်တော် Impressed ဖြစ် ကျေးဇူးတင်ပြီး "ကျနော်က content writer ပါ Episoden အကြောင်း Public ကို share ပေးမယ်နော်" ဆိုတော့ "pls doo" တဲ့။
ကဲ ဒါဆိုတော့ အဆုံးထိလဲ ဖတ်ပြီးပြီ။ ကျနော်ကတော့ လေ တစ်နေ့ 7 မိနစ်စာ 5 ကြိမ်လောက်တော့ English speaking ကို အမြဲ သွေး ပေးနေစေချင်တယ်။ မပြောတာ တစ်လ လောက်ကြာရင်တော့ effect က သိသိသာသာ မြင်ရပါတယ်။ အပြင်မှာ လူတွေ့ ပြောတာပိုအားပေးပေမယ့် မတတ်သာတဲ့ အဆုံး ရှိတာလေးပဲ အကောင်းဆုံး အသုံးပြုရတာပေါ့။
ဒါလေး ကို အကျိုးရှိတယ်လို့ မြင်ရင် သူငယ်ချင်းတွေဆီ မျှဝေပေးလိုက်ပါဦးနော်!
Related posts:
The Coffee Club review (written in eng) -> https://m.facebook.com/story.php?story_fbid=1206413763274457&id=100017175341054