IGCSE vs GED

IGCSE vs GED

Aug 22, 2022

IGCSE vs GED | ဘယ်ဟာက ဘယ်သူအတွက်လဲ?

ဒါလေးနဲ့ဆက်စပ်ပြီး ကျနော့်ရဲ့ နောင်တမဟုတ်တဲ့ နောင်တ ဆိုတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ပြောပြချင်တယ်။ ဒီလိုဗျာ .. လွန်ခဲ့တဲ့နှစ်ပတ်လောက်က Project အတွက် ထိုင်း University တွေ Research လုပ်ရင်း သူတို့ Admission Requirements က ကျနော်လုပ််‌နေတဲ့ IG O level နဲ့သာမက A level ပါလိုတာ တွေ့လိုက်ရတယ်။ GED တော့လက်ခံပါတယ်တဲ့။ အမှန်က ဒါက ကျနော်သိပြီးသားပါ။ သို့ပေမယ့် သိတော့ သိတယ်၊ သေသေချာချာခနလေးရပ်ပြီး "ငါ ဘယ်လမ်းကို သွားချင်နေတာလဲ၊ ငါ့ budgetနဲ့ ဘယ်လမ်းက ပိုဖြစ်နိုင်မလဲ " စိတ်မကူးဖူးဘူး။ အဲ့နေ့က သေသေချာချာ တွေးရင်းတွေးရင်း စိတ်ညစ်သထက် စိတ် ညစ်လာတာတော့ အမှန်ပါ။ "ဟာ ငါ GED ကို ၆ လလောက်လုပ်ရုံနဲ့ High school ပြီးမဲ့ဟာ အခုတော့ ၂ နှစ်‌တောင်ကြာ စာမေးပွဲကြေးက လဲ သိန်း ၃၀၊ ထမ်းရမယ့် Pressure ကလဲ မနည်းမနော၊ Grades တွေက abcdefg လို့ပုံစံမျိုးသွားတာဆိုတော့ gradeမကောင်းရင် ထင်းခနဲ ရှင်းခနဲ၊ ငါ့ထက် ငယ်တဲ့ ကလေးတွေတောင် အထက်တန်းပြီးကုန်ပြီ ငါကကျ..." အစုံပဲပေါ့ဗျာ။ ‌"GED ပဲပြေးလုပ်ရင် ကောင်းမလားပေါ့" စိတ်ကလဲ သိပ်ကို ရှုပ်နေတာ ဆိုတော့ ရက်ပိုင်းလောက် ခန အနားယူပြီး ပြန်တွေးကြည့်တော့ IGCSE O level ကြီးက အဆိုးကြီးပဲတော့လဲ မဟုတ်ပါဘူး။ တချို့လူတွေ‌အတွက် သင့်တော်ပါတယ်။ လူ အများအတွက် ပိုကောင်းတဲ့ Option ဖြစ်တဲ့ GED ကိုလဲ Research သေချာ လုပ်ပြီး သားဆိုတော့ နှိုင်းယှဉ်ပြပါမယ်။

တစ်ချက်ချင်း ပြောကြည့်ရအောင်

၁။ သူတို့အကြောင်း (အကြမ်းဖျင်း)

စာရွက်ပေါ်မှာက GED ကကျ American ၁၂ တန်း၊ IGCSE O level က British ၁၁ တန်း။ (စာရွက်ပေါ်မှာနော်!! ပိုခက်တာက O level (ယူတဲ့ subနဲ့လဲဆိုင်ပါတယ်))နိုင်ငံတကာ University တွေရဲ့ သဘောက ၁၂ တန်း‌‌ အောင်မှ ပေးတက်တာဗျ။ ဒီတော့ IG O level certificate နဲ့ community college၊ university foundation တွေပဲ join လို့ရတယ်ဗျ။ America က ထိပ်ဆုံးက နိုင်ငံလဲဖြစ်တော့ သူတို့ရဲ့ GED ကို worldwide လက်ခံပါတယ်။ (Europe ကတော့ သိပ်မလက်ခံကြပါ)။ တချို့ University တွေကတော့ GED + SAT(or)ACT တောင်းပါတယ်။

တစ်ခု သတိထားရမှာက GED က ၁၂ တန်းဆိုပေမယ့် IGCSE A level (၁၂ တန်း) နဲ့ သွားယှဉ်လို့မရပါဘူး။ တကယ့် University အမြင့်ကြီးတွေက A level အောင်တွေ ကို ပို အလေးပေးပါတယ်။ အမှန်တိုင်းပြောရရင် Ivy League University တွေဆိုရင် တော့ GED နဲ့ ကပ်လို့တောင် မရပါဘူး။ A level + SAT + တခြားသော qualifications တွေ အမှတ်ကောင်းဆုံးဖြစ်နေမှာရပါမယ်။ ကိုယ်သွားချင်တာက stanford, MIT, Harvard အစရှိတဲ့ ကျောင်းဆိုရင် O level လုပ် ပြီးရင် A level ဆက်လုပ်ပါ။

၂။ ဘာတွေ သင်ရလဲ?

IGCSE O level မှာ ရွေးစရာ ဘာသာရပ်တွေ အတော်များပါတယ်။ စာမွဲဖြေဖို့အတွက် အနည်းဆုံး ၅ ဘာသာယူရပါတယ်။

GED ကျ လေးဘာသာထဲပါ။ English, Math, Combined Science၊ Social Studies။ဪဒါနဲ့ သူတို့ကလေ English ကို English လို မရေးဘူး။ Reasoning through Language Art တဲ့ Math ကိုလဲ အဲ့လိုမျိုး Fancy name ပဲ အစက နာမည်ကြီးတွေ ကြည့်ပြီး ရှိန်သွားမိသေး။ Syllabus ဖတ်ကြည့်တော့လဲ မခက်ပါဘူး။ အကြံပြုချင်တာက IGCSE ကော GED ကော Textbook လေးတွေ syllabus ဖတ်ကြည့်ပါ။

Text Book link - https://drive.google.com/.../1Pfai8YpwOn8J-vHgyIp5i...

၃။ စာပိုင်းအရ IGCSE vs GED ဘယ်ဟာက ပိုလွယ်လဲ၊ ပိုကောင်းလဲ?

တော်တော်များများကတော့ ဒီလို ယှဉ်လို့မရဘူးပြောပါတယ်။ ကျနော်လဲ လက်ခံပါတယ်။ ဒါမဲ့ ကျနော် comparison လုပ်ကြည့်ပါမယ်။ English and Math ပိုင်းမှာ GED က IG ထက် အတော်လွယ်ပါတယ်။ (compared to EFl and Amath) အထူးသဖြင့် GED math က မြန်မာ ၉ တန်းစာ လောက်ပဲ ရှိပါတယ် arithmetic, basic algebra၊ basic geometry လေးတွေပဲ ပါပါတယ်။ English က တော့ မြန်မာကျောင်းသားတွေအတွက် အနည်းငယ်လေး ခက်ပေမယ့် IG ကျောင်းသားတွေ အတွက် GED Englishက လွယ်ပါတယ်။ GED English course ကတော့ ကျနော် သဘော ကျပါတယ်။ လက်တွေ့မှာလဲ အသုံး၀င်တာ တွေ့ရတယ်။ Combined Science လဲ မြန်မာ‌ကျောင်းသားတွေ အတွက် ကောင်းပါတယ်။ အမှန်တိုင်းပြောရင် ကျနော်တို့ မြန်မာတွေက science ကိုစိတ်၀င်စားတဲ့သူ‌ တွေသူမဟုတ်ကျတော့ science ဘာသာတွေ high school မှာ အကျဉ်းချုပ် သင်လိုက်တာက အချိန်ကုန် လူပိုသက်သာတယ်လို့ မြင်ပါတယ်။ (ပြီးမှ စိတ်၀င်စားရင် University မှာ major ယူပေါ့) Social Studies ကတော့ လုံး၀ အသစ်လိုဖြစ်နေတာပါ။ အသစ်ဖြစ်နေတော့ ကျောင်းသား က စိတ်၀င်မစား ရင် ခက်နေ မှာပါ။ စာများမျာဖတ်ရတယ်လို့လဲ ကြားပါတယ်။

IGCSE မှာကျ ကိုယ်ရွေးတဲ့ ဘာသာပေါ် မူတည်ပြီး လွယ်တာ ခက်တာ ဖြစ်သွားပါတယ်။ English မှာဆိုလဲ EFL (ခက်) or ESL (လွယ်) ဒီလိုပေါ့။ Math မှာလဲ ရိုးရိုး math, ပရို math ပေါ့။မြန်မာနိုင်ငံမှာ က များသောအားဖြင့် science subjects တွေဖြစ်တဲ့ physics, chemistry, biology ပဲ သင်ကြ ပါတယ်။ science subjects တွေက လဲ ခက်ပါတယ်။ ခက်တယ်ဆိုတာကလဲ ပိုပြီး အကျယ်ပြန့် သင်လို့ ခက်တာပါ။

စာအတွက်ကြောင့် မဟုတ်ပဲ high school ပြီးဖို့ပဲ ရည်ရွယ်ချက်ရှိသူဆို GED က အဆင်အပြေဆုံးပါ။ *မှတ်ချက် - မြန်မာ‌ကျောင်းသားအများစုအတွက် GED လဲ မလွယ်ကူနိုင်ပါ ပေါ့ပေါ့တန်တန် တော့ စိတ်မကူးပါနဲ့*

ကိုယ်သွားချင်တဲ့ လမ်းကြောင်းသိပြီးပြီဆို IGCSE subjects တွေက တကယ် အထောက်အကူ ဖြစ်ပါတယ်။ (ဥပမာ - ကိုယ်က ကိုယ်က iT ဘက်သွားမယ်ပေါ့ Computer science, ICT, Additional Mathematics က တကယ် အကူအညီ ဖြစ်ပါလိမ့်မယ် *မှတ်ချက် - ဒီ sub တွေယူမှ computer science ကို university မှာ တက်ခွင့်ရမယ်ဆိုတာမရှိပါ bio တွဲယူပြီး cs တက်လို့ရတာလဲ ရှိပါတယ် uni တွေက secondary education ကို grade ကောင်းကောင်းနဲ့ ပြီးတာကိုပဲ ကြည့်တာများပါတယ်)

IGCSE benefits and difficulties - https://m.facebook.com/story.php?story_fbid=1098838254032009&id=100017175341054

IGCSE အကြောင်း ကျနော့်ဘက်က ကောင်းဆိုး အမြင်လေး တွေ ရေးထားတာပါ။

၃။ အချိန်၊ ကျောင်းစရိတ်၊ စာမေးပွဲ‌ ကြေး၊

GED က English စာလေး အခြေခံရှိတယ် စာလဲလိုက်လုပ်နိုင်တယ်ဆို ၄လကနေ ၈လ လောက်ကြားထဲမှာပါပဲ။ GED လဲ ဒီနှစ်ထဲမှာ popular လဲ ဖြစ်လာတာမို့ အလကားသင်ပေးတဲ့ ကျောင်းတွေ ဈေးသက်သာတဲ့ ကျောင်းတွေ ရှိလာပါတယ်။ ကျောင်းစရိတ်က တော့ တစ်လကို ၁ သိန်းပတ်၀န်းကျင်လောက်ကျသင့်ပါလိမ့်မယ်။ **ဒီနားလေးမှာ တခု‌ဖြတ်ပြောချင်တာက GED preparation class တွေဆိုတာ တကယ်မလိုပါဘူးနော် အဓိက English လေးကိုပဲ ကောင်းအောင် ကိုယ့်ဘာကိုယ် self study လုပ်ပါ။ မလိုအပ်ပဲ ပိုက်ဆံ အကုန်မခံပါနဲ့**Exam ကြေးကတော့ တစ်ဘာသာ 80$ + exam centre ကြေး ကျပ်30000 မို့ exam အတွက် စုစုပေါင်း ဒေါ်လာ 350 လောက်ကျပါလိမ့်မယ်။

IGCSE ကတော့ 1 နှစ်ခွဲ၊ 2နှစ် ပြေးမလွှတ်ပါဘူး။ အင်တိုက်အားတိုက် လုပ်ပြီး1 နစ်အတွင်း လုပ်တဲ့ လူတွေလဲတွေ့ဖူးပါတယ်။ ကျောင်းစရိတ်ကတော့ *ဟူး* ပုံမှန် တစ်လ 3 သိန်း - 10 သိန်းကြားထဲမှာရှိပါတယ်။ course အပြီးဆို သိန်း50 လောက် က အနည်းဆုံးပါ။ ကျနော်‌ကတော့ ကံကောင်းထောက်မစွာနဲ့ online class ကို တစ်လ7 သောင်းပဲ ကုန်ပါတယ်။ နို့မို့ဆို တက်နိုင်မှာလဲ မဟုတ်ပါ။ Exam ကြေးက တော့ 1 ဘာသာကို 2022 June စာမေးပွဲတုန်းက 3 သိန်းလောက်ကျပါတယ်။ 7 ဘာသာဆို 21 သိန်း ပေါ့ ခု ဒေါ် လာဈေးတဟုန်းဟုန်း တက်နေတာဆိုတော့ **သက်ပြင်းချ သံ ကြားပါစေ**

၄။ စာမေးပွဲ ပုံစံ

GED exam ပုံစံ ကျနော်အချစ်ဆုံးပါ။ multiple choice တွေပဲ ပါတဲ့ အပြင် (English က essay box ပါ) exam centre မှာ computer နဲ့ ဖြေရတယ်။ အဖြေကလဲ exam ပြီးတာနဲ့ နာရီပိုင်းတွင်းရပါတယ်။ Exam timetable လိုမျိုး မရှိပဲ ကိုယ် ဖြေချိန်တဲ့ အချိန်မှာ Appointment ယူပြီး ဖြေရတာပါ။ English ကို ဒီနေ့ ဖြေတယ်ဆိုရင် နောက်နှစ်ပတ်မှ Math ဖြေလို့ရပါတယ်။

CS exam တွက် Code တွေ ကိုတောင် စာရွက် ပေါ်ချရေးခိုင်းတဲ့ Cambridge IGCSE exam ကိုတော့ မကျေနပ်ပါ။ (မကျေနပ်လဲ ပြောပြရမှာပဲ)။ ဒီလို ဗျာ ဘာသာတစ်ခုမှာ Paper 2ခု or 3ခုရှိပါတယ်။ (Multiple Choice Questions, Multiple short questions, Alternative to Practical)။ paper ၁ ခုကို တစ်နာရီ - နှစ်နာရီ လောက်တော့ ဖြေရတယ်။ ဘယ် paper ကို ဘယ်နေ့ဖြေရမလဲ ဆိုတာ exam Timetable နဲ့ပေါ့။ ဒါနဲ့ ဘာသာအများစုက စာရွက်ပေါ် ချဖြေ‌ ရမှာပါနော်။

၅။ IGCSE/GED ပြီးနောက် လမ်းကြောင်း

GED ပြီးရင် science ဘက် သွားမဲ့သူဆို မဖြစ်မနေ SAT or ACT ယူစေချင်ပါတယ်။ GED Math က မလုံလောက်လို့ပါ။ နို့မို့ဆို Uni မှာ အတိုးရော အရင်းရော ဆက်နေရ ပါလိမ့်မယ်။ဒီတိုင်း ရိုးရိုး major တွေဆိုရင်တော့ English proficiency test ဖြေပြီး uni တန်း join ပါ။ ထိုင်းက university တွေ ကြည့်ကြည့်ဖို့ အကြံပေးချင်ပါတယ်။ အကုန်လုံးက GED လက်ခံလို့ပါ။

IGCSE O level ပြီးရင် ၁၁ တန်းပြီးသွားတဲ့ သဘောဆို‌ တော့ A level (၁၂တန်း) တက်ရမှာပါ။ သို့မဟုတ် OSSD (၁၂တန်း) သို့မဟုတ် AP (12တန်း) တက်လို့ရပါတယ်။ ဒါမှ မဟုတ် College တွေ Join လို့ရမယ်၊ University Foundation တွေကို Join လို့ရပါတယ်။ **တစ်ခုရှိတာက IGCSE O level က ၁၁ တန်းဖြစ်ပါစေ ကျောင်းသား ရမှတ်က ကောင်းတယ် Uni အတွက် Qualify ဖြစ်တယ်လို့ပြနိုင်ရင် Uni တွေက ပေး၀င်ပါတယ်။ ဒါလေးတော့ မှတ်ထားပေးပါ။**

(GED 12 တန်းက IGCSE O level 11 တန်း ထက် လွယ်နေတာ တကယ့် တလွဲ ကြီး )ကျနော်က O level certificate နဲ့ scholarship ရဖို့ များတဲ့ tuition-free online university (University of People) join ကြည့်မှာပါ။

ကျနော်ရေးထားတဲ့ University of People အကြောင်း https://www.facebook.com/103222585786390/posts/121089693999679/

၆။ US ဆို GED ရလား?

GED က အမေရိက က အသက်ကြီးပြီး high school မအောင်တဲ့သူတွေ GED ဖြေပြီး college တက်လို့ရအောင် လုပ်ထားတာမို့ college တွက်ဆို ရဖို့ များပါတယ်။ US university ဆိုရင်တော့ GED နဲ့ဆို မလုံလောက်ဘူး၊ **ဝင်ခွင့် မရဘူး** ပြောကြတာရှိပါတယ်။ (University တွေက အမျိုးမျိုးဖုံဖုံ မို့ သေချာအောင် ကိုယ့်ဘာသာ research လုပ်ပါ။) Uni က ဝင်ခွင့်ရရင်တောင် GED တစ်ခုတည်းပဲ လုပ်သွားမယ်ဆို US student Visa တွက် reject လုပ်တာ လဲ ရှိပါတယ်။ အကြံပေးချင်တာက collegeတွက်ပဲသွားသွား uni အတွက်ပဲသွားသွား GED ဆို‌လုံလောက်ပြီ ဆိုတာမတွေးပဲ SAT or ACT ဖြေပါ။ တခြား academic achievementsတွေလဲ စုပါ။ Academic Writing ကောင်း နေအောင်လုပ်ပါ။ Eng ကကောင်းနေပါစေ။personal essay, college essay ကောင်းကောင်းရေးတတ်ပါစေ။ ဒါဆိုရင် တော့ American Dream က ဖြစ်နိုင်ပါတယ်။

US education ကိုစိတ်၀င်စားသူဆို ဒီpostကိုမဖြစ်မနေဖတ်ပါ။ -> https://m.facebook.com/story.php?story_fbid=1158656798050154&id=100017175341054

ထိုင်းတို့ တခြား အာရှ နိုင်ငံတွေက University တွေမှာဆိုတော့ GED တစ်ခု တည်းနဲ့ လက်ခံတာလဲရှိပါတယ်။ (pls do your own research) private universities (open universities) ဆို၀င်ရပိုလွယ်ပါတယ် ပိုက်ဆံလဲပိုကုန်ပါတယ်။

Singapore ကတော့ IGCSE or singapore GCE နဲ့ပဲ ရပါမယ်။ ဒီနေရာမှာ IGCSE က တော့ ပိုပြီး safe ဖြစ်တယ်လို့ ပြောလို့ရပါတယ်။ Grade ကြည့်ပြီး ဝင်ခွင့် ပေးမှာလား မပေးဘူးလားဆုံးဖြတ်ရပိုလွယ်ပါတယ်။ IGCSE ရဲ့ standard က မြင့်တယ်လေ Astar တွေကြီးပဲ ရထားရင် ကျောင်းသားကတကယ် တော်တာပေါ့။ GED ကျ ဘာသာရပ်တွေက လဲလွယ်တော့ အမှတ်ပြည့်ရလဲ Universities ကြီးတွေက Impressed မဖြစ်ပါ။ EARTH ပေါ်က University အားလုံးက တညီတညွှတ်တည်းလက်ခံတာ IGCSE A level ပါ။ အမှတ်ကောင်းရင် ကောင်းသလို uni မြင့်မြင့်တွေ လျှောက်လို့ရတယ်။ (မြန်မာနိုင်ငံ က လွဲလို့ပေါ့ )

Polytechnic - https://m.facebook.com/story.php?story_fbid=614653796833416&id=100048664043862

*အကြံပြုချက်*

ခနလောက် အချိန် ပေးပြီး ကိုယ်ဘယ်နိုင်ငံသွားသင်ချင်လဲ ဖြစ်နိုင်တာကဘာလဲ။ သူတို့ကကော ဘာလက်ခံလဲ ရှာဖွေကြည့်ပါ။ ဒီအတွက်တော့ မပျင်းပါနဲ့။ ပိုက်ဆံတွေအချိန်တွေ ကုန်ပြီးမှ တခြားလမ်းကြောင်းတွေ ပြောင်းသွားတဲ့ သူတွေ အများကြီးရှိလို့ ခနခန ပြောပြနေရခြင်းဖြစ်ပါတယ်။

ကိုယ်က- အထက်တန်းမြန်မြန်ပြီးချင်တယ်- အချိန်/‌ပိုက်ဆံ သက်သာချင်တယ်- Asian countries or US သွားချင်တယ်- pressure မပိချင်ဘူး- ကိုယ် ဘာလုပ်ချင်လဲ ဘယ်လမ်းလိုက်ချင်လဲ မသိသေးဘူး

ဆို GED ရွေးပါ။

ကိုယ်က - ငယ်သေးတယ် ၁၄၊ ၁၅ ပဲရှိသေးတယ်- budget လဲနိုင်တယ်- ဘာလုပ်ချင်လဲ လမ်းကြောင်းလဲ ရှာတွေ့ပြီးပြီ - ဘာသာရပ်တွေသင်ယူချင် စိတ်ရှိတယ်။

ဆို IGCSE O level လုပ်ပါ။

ပုံမှန်လမ်းကြောင်းအရဆို O level က safe အဖြစ်ဆုံးပါ။ ဒါမယ့် သိတဲ့အတိုင်း IG က ကုန်မယ့်ပိုက်ဆံရယ်၊ အချိန်တွေရယ်ကြောင့် GED က မြန်မာကျောင်းသားတွေကြားမှ popular ဖြစ်နေရတာပါ။ စာကို သေချာလေး အကုန်သင်ချင်တယ် ငယ်လဲငယ်သေးတယ်ဆို IGCSE O level ကတော့ အဆင်ပြေဆုံးပါ။ ၁နှစ်ခွဲ ၂ နှစ် ကုန်သွားတယ်ဆိုပေမယ့် အဲ့အချိန်မှာ စာ တွေ သင်နေတာလေ ကိုယ်စိတ်၀င်စားတဲ့ ဘာသာရပ်‌ တွေကိုဆိုရင်တော့ အကောင်းဆုံးပေါ့။ ပြီးရင် A level ဆက်သွား။ British education curriculum က တကယ်စာတတ်အောင် ဒီဇိုင်းဆွဲထားတာပါ။ (စာမေးပွဲကြေးဈေးကြီးတာတော့ ကြိုက်ဘူးရယ်)

အကယ်လို့ ကိုယ်က အခုမှ ၁၃, ၁၄ ဆို international school တစ်ခု မှာ secondary 1, 2 တက်ပါ။ ၁၆ ပြည့်ရင်တော့ GED ကိုပြောင်းလုပ် ဒီလိုလဲ ရပါတယ်။

အကယ်လို့ ကိုယ်က IGCSE စလုပ်နေတာ ၃ လလောက်ရှိပြီး GED က ကိုယ်နဲ့ ပိုကိုက်မယ်ထင်ရင် ပြောင်းလိုက်ပါ။ မှီပါသေးတယ်။ IG ကျောင်းလခ က တစ်လ ၅ သိန်းလောက်သွင်းရတယ်ဆိုရင်တော့ သေချာ စဉ်းစားပေါ့ IGCSE ကနေ GED ပြောင်းရင် စာတွေက လွယ်ပါတယ် math က သင်ပြီးသားတွေ ဖြစ်နေလိမ့်မယ်။ eng ကလဲ အခြေခံပိုင်ရင် စာဖတ်သူဆို အဆင်ပြေတယ်။ combined science ကလဲ သင်ဖူးထားတာတွေ ပါလိမ့်မယ်။ social studies တစ်ခုပဲ အသစ်သင်ရမှာ။

အကယ်လို့ GED လုပ်နေပါတယ်။ IGCSE ဘာသာရပ်တစ်ခုကို စိတ်၀င်စားတယ်ဆို Textbook သာကောက်ဖတ်လိုက်ပါ။ Youtube မှာ သွားသင်လိူက်ပါ။ GED ကနေ IG o level တော့ မပြောင်းပါနဲ့။ uni မြင့်မြင့် မှန်းရင် A level ပြောင်းလုပ်ပါ။

*ကျနော့် အကြောင်းလေး ပြောပြမယ်။*

2021 June တုန်းက ဘာလုပ်ရမလဲ လိုက်ရှာနေတဲ့ အချိန်ပေါ့။ GED ‌ကိုကော IGCSE ကိုကော သေချာလေး Research လုပ်ခဲ့ဖူးပါတယ်။ GED က ကျနော်အတွက် ပိုအဆင်ပြေတာ လဲ သိတယ်။ တခု ဟန့်တားလိူက်တာက ကျောင်းတွေရဲ့ ဈေးနှုန်းပါ အိမ်စီးပွားရေး မ‌ ကောင်းတဲ့အချိန် သိန်း ဆယ်ဂဏန်း တွေ ‌ဆိုတော့ ကိုယ်တတ်နိုင်တဲ့ IGCSE school ConceptX ပဲရွေးလိုက်ပါတယ်။ (အခု GED မြန်မာမှာ Popular ဖြစ်သွားတော့ ကျောင်းစရိတ် တွေလဲ သက်သာသွားတာ ၀မ်းသာစရာပါ။)

GED က ကျနော့်အမြင်အရ ပြောရမယ်ဆို shortcut သဘောလိုမျိုုးပဲ။ GED ရဲ့ main purpose ကလဲ America မှာ ကျောင်းမပြီးဘဲ အသက်ကြီးတဲ့သူတွေ college တက်လို့ရအောင်လို့ပါ။ ဒါကြောင့်လဲ အနည်းဆုံး ၁၆ ကျော်မှ ပေးဖြေတာပါ။ IGCSE ကျ traditional way‌ ပေါ့။ O level ဆို မြန်မာ9တန်း+10တန်း+တခြားဟာတွေ ပေါင်းထားသလိုပါပဲ။

၀န်ခံရရင်‌ ကျနော် က လွယ်လွယ်ကူကူ သွားချင်တဲ့ အေးဆေးသမား ပါ။ ဒါကြောင့်မို့IGCSE o level ရွေးလိုက်လို့ အမှန်‌တိုင်းပြောရရင် နောင်တ ရပါတယ်။ အထက်တန်းမှာနေနေတာ လဲ အတော်ကြာပြီ။ လူက ဒီစာ ဒီစာတွေဆိုတော့ ရိုးသွားတာလဲပါတယ်။ စိတ်လေတဲ့ အခါတွေလဲရှိတယ်။ ဒါကြောင့်မြန်မြန်ဆန်ဆန်ပြီးချင်တာ အမှန်ပါ။ O level ပြီးတာတောင် University ၀င်ခွင့် က guarantee မရှိဘူးဆိုတော့ ပို ပြီးညစ်လှပါတယ်။ (college ကျ မသွားချင်ဘူးရယ်)

ဇာတ်လမ်းအစမှာ နောင်တမဟုတ်တဲ့ နောင်တ လို့ ရေးထား တာမှတ်မိမှာပါ။

ဘာကြောင့်နောင်တ မရတာလဲဆိုတောဘ ကျနော်ရွေးလိုက်တဲ့ ကျောင်းကြောင့်ပါ။ ဈေးသက်သာတယ်။ ပေးခဲ့ရတဲ့ အချိန်၊ ငွေ၊ efforts တွေက တန်တာထက်ကို ပိုပါတယ်။ 1 နှစ်ကျော်အတွင်း တကယ် ပညာတွေ လဲ သင်ခဲ့တယ်၊ အရှုံးမရှိခဲ့ပါဘူး။ သူငယ်ချင်းတွေ အများကြီးရခဲ့တယ်။ Eskill လဲ တိုးတက်လာတယ်။ ဘိုလိုဘဲ ကောင်းကောင်းရေးနိုင်လာတယ်။ဒီစာရေးနေတာတောင် ဆရာတွေ သင်ပေးခဲ့တဲ့ပညာတွေ လက်တွေ့ကျင့်သုံးနေတာပါပဲ။ အားလုံးထက် အရေးကြီးတာက ကျနော့် Passion ဖြစ်တဲ့ Dancing ကို လဲ ကျောင်း PE class မှာ ရှာတွေ့ခဲ့တယ်။

ဒါကြောင့်ဖို့ 2021 June ပြန်သွားပြီး ပြန်ရွေးရမယ်ဆိုရင်တောင် ဒီလမ်းပဲ ရွေးဖြစ်မှာပါ။ ဒါကတော့ ကျနော် တယောက်ထဲနဲ့ ဆိုင်တာပါ။ ကျနော့်အတန်းဖော်တွေတော့ University မြင့်မြင့်ကို မှန်းလို့ O level လုပ်ကြပါတယ်။ ပြီးရင် A level or AP or OSSD လုပ်ကြမယ်တဲ့။ အဲ့တာပြီးရင် SAT or ACT တဲ့။ (*ဒါက လူအများစု O level လုပ်ကြတဲ့ ရည်ရွယ်ချက်*) တချို့ကတော့ ပိုက်ဆံတွေ အချိန်တွေ ကုန် ထားတာမို့ အောင့်အီးပြီး နေလိုက်ရတယ်။

နောက်ဆုံးတစ်ခုပြောချင်တာက ဒီပညာရေး စာမေးပွဲတွေထက် ကိုယ် အထက်တန်းပညာကို တတ်ထားဖို့က အဓိကပါ၊ University အတွက် လိုအပ်တဲ့ ပညာအရည်အချင်းတွေရှိတယ်လို့ ထုတ်ပြနိုင်ဖို့က အဓိကပါ။

ဒီအချိန် မှာ လူတိုင်းကတော့ နိုင်ငံခြားထွက် စာသင်၊ အလုပ်လုပ် ချင်နေကြတာကြီးပဲ။ တချို့တွေက တကယ်ရောက်သွားတယ် ငွေအားနဲ့။ တချို့တွေက ကိုယ့်အား ကိုယ် အရမ်းစိုက်ထုတ်ပြီး ရောက်သွားတယ်။ သူတို့တွေမှာ တူနေတဲ့အချက်ကို သတိထားမိသလား။? ကိုယ့်မှာရှိတဲ့ အရင်း ကို သုံးသွားတာပဲ။ ငွေရင်းရှိတဲ့သူက ငွေအားနဲ့၊ လုံ့လစိုက်နိုင်တဲ့သူက လုံ့လနဲ့၊ ကိုယ့်မှာရှိတာနဲ့ရင်းနိုင်ဖို့လိုမယ်။ တော်တော်များများက ဒီ study abroad အရာတွေဆိုတာ ငွေကြေးရှိတဲ့ လူတန်းစားအတွက်လို့ပဲ မြင်ကြတယ်။ အဲ့အမြင်မျိုးရှိခဲ့ရင် ဖျောက်ပြီး ကိုယ်ရင်းနိုင်မဲ့ အပိုင်းကိုသာ အကောင်းဆုံးလုပ်လိုက်ပါ။ ကျနော်ကတော့လေ နံနံခြားထွက် စာသင်ဖို့ကို အရမ်းကြီး passionate မဖြစ်ပါဘူး။ (လူငယ်ဆိုတော့ ထွက်တာတော့ထွက်ရမယ်) ဘာလို့လဲဆိုတော့ ဖုန်းတစ်လုံးနဲ့ Internet ရှိရင် ကျနော် တစ်ကမ်ဘာလုံးက ပညာတွေ သင်လို့ရတယ်၊ လိုက်လည်လို့ရတယ်၊ ပိုက်ဆံလဲ မကုန်ဘူး။ Internet သုံးပြီး ပညာတတ်အောင်လုပ်နိုင်တာလဲ ကျနော်ရင်းနိုင်တဲ့ အရင်းပါ။‌ ရေးသွားတဲ့ စာတစ်ပုဒ်လုံးကိုလဲ internet ကောင်းကျိုးနဲ့ အကုန်လေ့လာထားတာပါ။Online-learning အကြောင်းလေး ရေးထားတယ်။ ဖတ်ကြည့်ပါဦး။ ->

https://m.facebook.com/story.php?story_fbid=1130684194180748&id=100017175341054

ငွေရင်းမရှိရင် လုံ့လစိုက်ပါ၊ အချိန်စိုက်ပါ၊ focus စိုက်ပါ။ ငွေမရှိလို့ ဆိုတဲ့ အကြောင်းပြချက်တစ်ခုထဲနဲ့‌ တော့ မရပ်လိုက်ပါနဲ့။ ကြိုးစားတဲ့ လူ‌တိုင်းအတွက် အခွင့်အရေး ကရှိစမြဲပါ။

စာလေးကတော့ ဒါပါပဲ။ ကိုယ်နဲ့ အဆင်ပြေတဲ့ လမ်းပေါ် လျှောက်လှမ်း နိုင်ပါစေ။-----------------ကျနော်ရေးထားတဲ့ တခြားArticle လေးတွေ ဖတ်ကြည့်ပါဦး

IGCSE schools -GED schools -

GED interview part (1) - https://fb.watch/f34F35d97c/GED interview part (2) - https://fb.watch/f34FyVJdQv/GED interview part (3) - https://fb.watch/f34G1n3l3d/

Interview မှာ သေသေချာချာ ခရေစေ့တွင်းကျ မေးထားတာမို့ လိုအပ်တဲ့ internal info အကုန်ပါပါတယ်။ interview မကြည့်ရင်တောင် ကျနော်ရေးထားတာ လေးတွေတော့ ဖတ်လိုက်ပါနော်။ GED အကြောင်း သီးသန့်ရေးထားတာ ထက် စုံပါတယ်။

GED Resources - https://www.facebook.com/103222585786390/posts/125595620215753/

IGCSE benefits and difficulties - https://m.facebook.com/story.php?story_fbid=1098838254032009&id=100017175341054IGCSE အကြောင်း ကျနော့်ဘက်က ကောင်းဆိုး အမြင်လေး တွေ ရေးထားတာပါ။

ConceptX Campus review by me - https://m.facebook.com/story.php?story_fbid=1131167537465747&id=100017175341054ကျနော့်ကျောင်း review ပါ။

Me and Online-learning - https://m.facebook.com/story.php?story_fbid=1130684194180748&id=100017175341054Online နဲ့ သင်ခဲ့တဲ့ journey တစ် လျှောက် ကောင်း‌တာတွေရော ဆိုးတာတွေရော ရေးထားတာပါ

Ruler to measure how much u know - https://m.facebook.com/story.php?story_fbid=1130071290908705&id=100017175341054ဒါက‌ ရေးချင်တာ ရေးထားတာပါ။-------------------Related articles from my organisation:

Study in US - https://www.facebook.com/103222585786390/posts/116072561168059/

Community College - https://www.facebook.com/103222585786390/posts/116068207835161/

What is GED - https://www.facebook.com/103222585786390/posts/112883394820309/

OSSD - https://www.facebook.com/103222585786390/posts/111655271609788/

A level - https://www.facebook.com/103222585786390/posts/106273895481259/------------------------အစက Organisation အတွက်ရေးရင်း personal တွေ ပါကုန်လို့ ကိုယ့်အကောင့်မှာ ကိုယ်တင်လိုက်ပါတယ်။ ကျနော်က Conceptians က ကွမ်းတန့် ရိုက်တာ ပါ။Conceptians မှာ နိုင်ငံခြား ပညာရေးနဲ့ ပတ်သက်ပြီး လိုအပ်တာ အကုန် Youth Article Writer များများနဲ့ ရေးတင်ပေးနေတာမို့ page လေးကို လိုက် လုပ်သွားဦးနော် လာရောက်တိုင်ပင် ချင်လဲ ရပါတယ် page messenger လာခဲ့ပါနော်။

https://www.facebook.com/Conceptians-103222585786390/ConceptiansConceptiansConceptiansConceptians