Introducing Conceptians

Introducing Conceptians

Jul 1, 2022

Conceptians

ကျောင်းသားများအတွက် ကျောင်းသားများမှ"

ကျနော်တို့ IGCSE ကျောင်းသား‌တွေမှ စုပေါင်းပြီး အများကြုံတွေ့နေရတဲ့ ပြသာနာတွေကို အတတ်နိုင်ဆုံးဖြေရှင်းပေးနိုင်ဖို့ ဒီ project လေး စဖြစ်ခဲ့တယ်ဗျ။

ဘယ်လိုပြသာနာမျိုးလဲ?ပြသာနာက ဒီလိုဗျ။ မြန်မာကျောင်းသားတွေက ဒီကာလ မှာ နိုင်ငံတကာ သင်ရိုးဘက် ခြေဦးလှည့်လာကြတယ်။ ကျောင်းတွေတက်ကြတယ်။ အစကတော့ နောက်ဆုံး IGCSE ဖြေ ဖို့ ရည်ရွယ်ချက်နဲ့ပေါ့။ သို့ပေမယ့် လမ်းတ၀က်မှာ‌လမ်းချော်သွားတဲ့သူ ယူမလား ၁ နှစ်လောက်တက်ပြီးမှ တခြား ပညာရေးစနစ် ပြောင်းသွားတဲ့သူ ယူမလား။ စာမလိုက်နိုင်သူယူမလား။ ကျနော်တို့ ကျောင်းမှာကော အသိုင်းအ၀န်းထဲမှာကော အများကြီးပဲဗျ။

ပြသာနာရဲ့အရင်းအမြစ်ကို လိုက်ကြည့်တော့ ၁) စတက်ထဲက ရည်ရွယ်ချက် သတ်သတ်မှတ်မှတ် မရှိတာ၂) အကြောင်းမသိဘဲ တတ်မိတာ၃) ဘယ်လိုလေ့လာရမှန်းမသိတာ၄) Adaptation မလုပ်နိုင်တာ၅) တခြားလမ်းကြောင်းတွေကို မလေ့လာမိထားတာ and so on

အကျိုးဆက်တွေက အချိန်ကုန်‌တာပေါ့ဗျ၊ ငွေကုန်တာပေါ့ (တချို့ဆို သိန်းဆယ်နဲ့ချီ)၊ ကျနော်သူတို့အတွက် တွေးမိတယ် "ဒီမှာတက်နေတာ တစ်၀က်နီးပါး ရောက်နေပြီကို ဆက်တက်လိုက်တာ မဟုတ်ဘူးဆိုပြီး"

ဒါတွေဖြေရှင်းဖို့ ကျနော်တို့ ဘာ‌လုပ်ပေးနိုင်မလဲ စဉ်းစားကြည့်တယ်။

အလွယ်ကူဆုံး step လေးက စတယ်ဗျ။ ကျောင်းသားတွေ စာလိုက်နိုင်ဖို့"ငါတို့ ကြုံခဲ့ရတဲ့ပြသာနာတွေကိုချရေးမယ် ကွာ ပြီးရင်ဖြေရှင်းနည်း တွေ ချရေးမယ်" -- Tips လေးတွေပေါ့

သူတို့ရွေးတဲ့ လမ်းပေါ် တည်တည်မြဲမြဲဆက်လျှောက်လှမ်းနိုင်ဖို့"တခြားပညာရေးစနစ်‌အကြောင်းတွေ ရေးမယ်ကွာ" -- IGCSE alternatives

မျှော်လင့် ချက် အလင်းရောင်လေး မြင်နိုင်ဖို့"ဈေးသက်သာ၊ အဆင်ပြေ နိုင်လောက်မဲ့ foreign universities အကြောင်း‌ ရေးမယ်ကွာIGCSE ပြီးရင်ဆက်လျှောက်နိုင်မဲ့ လမ်းလေးတွေ ရေးမယ်ကွာ" -- Study abroad

Internet ကို အကျိုးရှိဆုံး အသုံးချနိုင်ဖို့ ပိုမို လေ့လာနိုင်ဖို့ "ငါတို့ သုံးခဲ့တဲ့ "Resources" တွေ တတ်နိုင်သလောက် မျှဝေမယ်ကွာ"

Idea တွေတစ်ခုပြီးတစ်ခု အကောင်အထည်ဖော် ရေးသားလာတာပေါ့။ ကျနော် က ကျနော့် experience အရ YouTube videos တွေကနေ လေ့လာခြင်းဟာ အရမ်းစိတ်၀င်စားဖို့ကောင်း နားလည်ရ‌လွယ်တာမို့ Resources > "Playlists" ဆိုတဲ့ section လေး မှာ subject အလိုက် chapter အလိုက် category တွေစနစ်တကျ ခွဲပြီး ထည့်ထားပေးပါတယ်။ ဒါဆို chapter တခု သင်ပြီးတိုင်း YouTube ပေါ် မှာ chapter name လေးရိုက် Vedio တွေအများကြီးကျလာ "ဟာ ငါ ဘာကြည့်ရ မှန်းမသိ" မဖြစ်တော့ဘူးပေါ့ စီနီယာ ကိုကိုမမ တွေ ထည့်ထားပေးတဲ့ playlist လေးကောက်ဖွင့်လိုက်ရုံပဲ။

ဤအရာတွေ အကုန် သူငယ်ချင်းတွေ စုပေါင်း ရေး ပြီးကျနော့် သူငယ်ချင်း Tom က အားသွန်ခွန်စိုက် စိတ်ရှည်ရှည်နဲ့ website လှလှလေးတစ်ခုWebsite လေး ဖန်တီးပေးခဲ့ပါတယ်။ https://conceptians.org/

"ဟာ Website ကတော်တော်လေးကို လှတယ်နော်" လှမှာပေါ့ Team ထဲက Artist‌s ‌တွေ က ကာလာ‌ သေချာလေး ရွေးထားတာ

ConceptX ကျောင်းသားတွေမှ လုပ်‌သည် ဖြစ်သော်လဲ international education ကို စိတ်၀င်စားသူတွေရော၊ လက်ရှိတက်နေသူတွေရော ဝင်ကြည့် လေ့လာလို့ရပါတယ်။ မပြီးဆုံးနိုင်တဲ့ စာတွေ ကြားမှ ကျောင်းသားတွေ လုပ်တာ တစ်လနီးပါးပဲ ရှိသေးတာမို့ အကုန် မပြည့်စုံသေးပါဘူး။ website ပေါ်မှာ english လိုပဲ ရေးထားပါတယ်။ နံနံခြားက လူတွေပါ ဖတ်လို့ရအောင်လို့ (အဟိအဟိ)

Website ပေါ်က အရာ အားလုံးကိုမြန်မာလို က ကျနော့်တို့ Facebook page မှာ ပြန်တင်ပေးသွားမှာပါ။ဒါ့အပြင် ပညာရေးနဲ့ပတ်သက်ပြီးအခက်အခဲတွေကိုရင်ဖွင့်နိုင်ဖို့၊ အကူအညီတောင်းခံနိုင်ဖို့ လဲ စီစဥ်ပေးထားပါတယ်။ (မည်သူမဆို)နောက်ပြီး Study abroad အကြောင်းတွေကို တမူထူး ခြားတဲ့ experience-based writing နည်းနဲ့ ရေးပြီး International education အကြောင်းတွေ လဲ တင်ပေးသွားမှာဖြစ်ပါတယ်။ဟော့ဒီမှာ page link လေး

https://www.facebook.com/Conceptians-103222585786390/--------------ကျနော် တို့ plan လေးသဘောကျတယ်၊ ကိုယ်လဲ တတပ်တအား က ကူညီပေးချင်တယ်ဆို welcome ပါဗျ

https://docs.google.com/.../1FAIpQLSfIRgdk4Jv.../viewform...

ဒီ Form လေးမှာ မည်သူမဆို မည်သည့်ကျောင်းကမဆို မည်သည့်အရွယ်မဆို ကိုယ် လုပ်နိုင်တာလေးရယ်ကိုယ် လုပ်ချင်တာလေးရယ် ရေးပေးပါ။ ကျနော် တို့ Team က ပြန်ဆက်သွယ်ပါ့မယ်။ အခုလောလောဆယ်က Article writers (Burmese လိုကော English လိုကော) တွေ အကြီးအကျယ် လိုအပ်နေပါတယ်။

တစ်လချင်း ကိုယ်ကူညီ‌ပေးတဲ့ နာရီ နဲ့အညီ certificates (community service) လေး ပေးသွားမှာဖြစ်ပါတယ်။ Extracurricular activity ပေါ့ဗျာ။ College ၀င်ဖို့ အတွက် Job ရဖို့ အတွက် community service လုပ်ပေးခြင်းဟာ အထောက်အကူ ဖြစ်ပါတယ်။ တခြား ကိုယ့်လို နိုင်ငံခြား ပညာရေး နဲ့ ရင်းနှီးနေတဲ့သူ‌များနဲ့လဲ အ‌ပေါင်းအဖော် တွေ ဖြစ်လာမှာပါ။ Volunteer ချောချော လေးတွေလဲ ပါတယ် နော်

ဒါ့အပြင် ကျနော်တို့ရဲ့ ရည်ရွယ်ချက် က မြန်မာနိုင်ငံက ကျောင်းသားတွေကို တတ်နိုင်သလောက် ကူညီ‌ပေးဖို့ ဖြစ်တာမို့

ပိုမိုကောင်းမွန်တဲ့ နည်းလမ်းတွေနဲ့ ချဉ်းကပ်ပါမယ်။ Article တွေ ရေးတဲ့နေရာမှာ ကျနော်တို့က experience-based writing မျိုးနဲ့ ရေးမှာပါ။ ဥပမာ - university တစ်ခု ‌အကြောင်းရေးတော့မယ်ဆို google မှာ ရှာလို့ရတဲ့ facts တွေ ဖြစ်တဲ့ rank ‌တို့ cost တို့ အစား ကျနော်တို့က အဲ့ Uni မှာတက်နေသူကို မေးမြန်းမယ်။ info ယူမယ် လက်တွေ့မှာ ဘယ်လို အခက်အခဲတွေ ကြုံတွေ့နေရလဲ၊ ဘယ်လိုကောင်းတာလဲ၊ ဒါတွေကို post တစ်ခုမှာ ကျစ်ကျစ်လစ်လစ် စိတ်၀င်စားဖို့ကောင်းအောင် ရေးမှာဖြစ်ပါတယ်။ ဒီအတွက်လဲ ဒီအရာတွေ သင်ပြီးသားဖြစ် လက်တွေ့ ကျင့်သုံးနေတဲ့EFL ကျောင်းသားတွေက ကူညီသင် ပေးသွားမှာဖြစ်ပါတယ်။ ဆိုတော့ကား ဘယ်ဘက် ကကြည့်ကြည့် အကျိုးရှိတယ်နော်!Form ‌ဖြည့်လိုက်တော့!