Aug 1, 2023

လူငယ်တွေစုစည်းကြမယ့် 𝐘𝐎𝐔𝐓𝐇𝐧𝐢𝐟𝐢𝐞𝐝 𝐅𝐚𝐢𝐫
𝐀𝐦𝐞𝐫𝐢𝐜𝐚𝐧 𝐂𝐞𝐧𝐭𝐞𝐫 𝐘𝐚𝐧𝐠𝐨𝐧 မှာကျင်းပမယ့် ဒီ Fair လေးမှာ ဆိုရင်တော့ဖြင့် ပညာရေး၊ သဘာဝပတ်ဝန်းကျင် နှင့် နယ်ပယ်အသီးသီးက အဖွဲ့အစည်းပေါင်း ၂၁ ခုကိုစုစည်းထားပါတယ်။
ဒီ Fair ကို လုပ်ရတဲ့ ရည်ရွယ်ချက်က ကျနော်တို့အနေနဲ့ လူငယ်တွေကို “ပတ်ဝန်းကျင်ကိုလည်းအကျိုးပြု ကိုယ့်ကိုယ်ကိုလည်း အကျိုးပြုတဲ့ 𝐒𝐮𝐬𝐭𝐚𝐢𝐧𝐚𝐛𝐥𝐞 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 𝐆𝐨𝐚𝐥𝐬 ” ဆိုတဲ့ အရာတွေနဲ့ ပေးထိတွေ့စေချင်လို့ပါ။ ထိတွေ့ရုံတင်မကသေးဘူး၊ ကိုယ်တိုင်တက်ကြွစွာ ပါဝင်လာစေဖို့ 𝐕𝐨𝐥𝐮𝐧𝐭𝐞𝐞𝐫𝐢𝐬𝐦 စိတ်ဓာတ်နိုးကြွလာစေဖို့ ဒီ Fair လေးက ဆွဲဆောင်ပေးသွားမှာပါ။
ဒီအတွက်လည်း SDG တွေကို ဦးတည်ထားလုပ်ဆောင်နေတဲ့ လူငယ်အဖွဲ့အစည်း ၂၁ ခုကို လူကြီးမင်းတို့ရဲ မျက်စိရှေ့မှောက်မှာ တစုတည်း တစည်းတည်း စုစည်းပေးထားပါတယ်။
ပထမအစီအစဉ်အနေနဲ့ “𝐁𝐨𝐨𝐭𝐡 𝐒𝐞𝐬𝐬𝐢𝐨𝐧” ရှိပါတယ်။ ဒီ Session မှာ Org တွေက ကိုယ်ပိုင် Booth လေးတွေနဲ့ သူတို့လက်ရှိ Run နေတဲ့ free-of-charge Programmes တွေ၊ Volunteering Opportunities တွေ၊ SDG နဲ့ပတ်သတ်တဲ့ ဗဟုသုတတွေကိုအားပါးတရ မျှဝေပေးသွားမှာပါ။
ဒုတိယအစီအစဉ်အနေနဲ့ “𝐅𝐨𝐮𝐧𝐝𝐢𝐧𝐠 𝐒𝐭𝐨𝐫𝐢𝐞𝐬 𝐚𝐧𝐝 𝐕𝐨𝐥𝐮𝐧𝐭𝐞𝐞𝐫𝐢𝐬𝐦” လို့ခေါ်တဲ့ လူငယ်ဆန်ဆန် ဆွေးနွေးပွဲလေးပေါ့။
“ငယ်ငယ်လေးနဲ့ အဖွဲ့အစည်းအကြီးကြီးတစ်ခု ဘယ်လို ထူထောင်ခဲ့တာလဲ။လူငယ်တွေဘာလို့ Volunteer လုပ်ရတာလဲ။”အစရှိတဲ့ မေးခွန်းတွေကို Speakers နဲ့ Participants ကြား အမေးအဖြေဆန်ဆန် ဆွေးနွေးသွားမှာပါ။ သူတို့ကျော်ဖြတ်ခဲ့တဲ့ အခက်အခဲတွေ၊ ဆက်လက်လုပ်ဆောင်သွားမယ့် အရာတွေလည်း ပြောပြပေးသွားမှာပေါ့။
Organization Leaders တွေ Founders တွေလည်း တက်ရောက်ကြမှာမို့ Connection ကောင်းကောင်းတွေလည်း ရသွားမှာ ကျိန်းသေမလွဲပါပဲ။ ဒီနယ်ပယ်ထဲက လူငယ်တွေကို စုံစည်းထားတာမို့ Networking event လို့ ပြောရင်လည်း မမှားပါဘူး။
ဒါကြောင့်မို့ အချိန်မဆွဲပဲ ပွဲအတွက် ခုပဲ Register လိုက်ပါတော့! https://forms.gle/iY1hfcMSAn8zr4Jb9
𝗩𝗲𝗻𝘂𝗲: 𝐀𝐦𝐞𝐫𝐢𝐜𝐚𝐧 𝐂𝐞𝐧𝐭𝐞𝐫 𝐘𝐚𝐧𝐠𝐨𝐧 𝗗𝗮𝘁𝗲: 𝐀𝐮𝐠 𝟏𝟎𝐭𝐡 𝟐𝟎𝟐𝟑 (𝐓𝐡𝐮𝐫𝐬𝐝𝐚𝐲) 𝗕𝗼𝗼𝘁𝗵 𝗦𝗲𝘀𝘀𝗶𝗼𝗻: 𝟏 𝐩𝐦 𝐭𝐨 𝟑 𝐩𝐦 𝗙𝗼𝘂𝗻𝗱𝗶𝗻𝗴 𝗦𝘁𝗼𝗿𝗶𝗲𝘀 𝗗𝗶𝘀𝗰𝘂𝘀𝘀𝗶𝗼𝗻: 𝟑:𝟑𝟎 𝐩𝐦 𝐭𝐨 𝟒:𝟑𝟎 𝐩𝐦
American Center ထဲဝင်ရောက်ဖို့ မှတ်ပုံတင် သို့မဟုတ် Passport ယူလာခဲ့ပေးပါ။