Me and Online Learning

Me and Online Learning

Jul 10, 2022

Me and Online Education

ကျနော် နှင့် online learning

ကျနော်က online နဲ့ နေ့ရက်တိုင်းလိုလို စာသင်နေတာ တစ်နှစ်လဲ ကျော်ပြီး အခက်အခဲတွေ တော်တော် များများ လဲ ကြုံခဲ့ရတယ်၊ ဖြေရှင်းနိုင်ခဲ့တယ်။ အဲ့ထက် ‌အရေးကြီးတာက ကျနော် internet ရဲ့ အသုံး၀င်မှုတွေကို ပိုပိုပြီး ရှာတွေ့လာခဲ့တယ်။ ဘယ်လောက်တောင် ရှာတွေ့ခဲ့လဲဆိုတော့ "physical school တက်ရတာ‌‌ တောင် ဒီ‌‌ လောက် ကောင်းမှာ မဟုတ်ဘူး" တွေးတဲ့ထိပဲ။ ပြီးတော့ ဒီ internet ကျေးဇူးနဲ့ ကုန်ကျစရိတ် တွေကို နည်းသ‌ထက်နည်းအောင် (လုံး၀ အနည်းဆုံးထိ) လျော့ချပြီး ပညာ သင်နိုင်ခဲ့တယ်။

"Online-learning က ဘယ်လိုလေးတွေကောင်းတာ..?"

IT ခေတ်မှာ ပိုက်ဆံနဲ့ ပညာ‌ရေး တိုက်ရိုက်အချိုးမကျတော့တာ။

ဟို့အရင်ကလဲ အချိုးမကျ ခဲ့ပါဘူး။ ဒီခေတ်ကြီးထဲမှာ ပိုလို့တောင်ပြောင်းလဲလာသေး။ 2021-2022 အတောတွင်းမှာ ကျနော် online-learning ကို သေချာစခဲ့တယ် (ရန်ကုန်မှာသာနေတယ်ဗျ in-person class တစ်ခု တောင် မ join ဖူးသေးဘူး။ တကယ်) online international school တက်တယ်။ တစ်လမှ 70000 ဆိုတော့ တကယ့် ကို freeနီးပါးပဲ။

ပြီးတော့ တရုတ်စာလဲ သင်ခဲ့သေးတယ်။ ကျနော်သင်တန်းကြေး တပြား မှမကုန်ခဲ့ဘူး။ Free ရတဲ့ Apps တွေကနေသင်တယ်။

https://m.facebook.com/story.php?story_fbid=1033295967252905&id=100017175341054

ပိုက်ဆံမပေးချင်‌‌ တော့ နည်းနည်းပိုကြိုးစားရတယ်။ နောက်ပိုင်းမှာ အတန်းတွေ free ဖွင့်ပေးတဲ့ Runfree education မှာ HSK 3 တက်တယ်။ အဆင်ပြေတယ်။ mock test ဖြေတာလဲ‌ အောင်သွားတယ်။

နောက်တစ်ခုက ကံကောင်းထောက်မစွာနဲ့ ကျနော်တက်တဲ့ကျောင်းမှာ PE ချိန် ပါတယ်ဗျ။ အဲ့ကနေ Dance ပိုင်းကို လုံး၀ စိတ်၀င်စားသွားတာ။ YouTube tutorials တွေကနေပဲ သင်ယူတယ်။ studio လဲ မသွားအားဘူး။ အနည်းဆုံး‌ Basics တွေလောက်‌တော့ တတ်ခဲ့တာပေါ့။

ခုလောလောဆယ်တော့ web development ပိုင်း လေး ကို free websites တွေကနေပဲ လေ့လာနေတယ်။

https://www.facebook.com/103222585786390/posts/106702888771693/

ဆိုတော့ကား ပိုက်ဆံက ပညာရေးအတွက် အရမ်းအရေးကြီးတဲ့ Factor မဟုတ်တော့ဘူး။ လုပ်ချင်တဲ့ စိတ်လေး နဲ့ "ဒီလို လုပ်ရင်လဲ ရပါတယ်" ဆိုတာ‌လေး စိတ်ထဲထည့်ထားရင် လမ်းလေးတွေ ပွင့်လာမှာပါ။ ကျနော်ဆို skill တစ်ခုခု သင်တော့မယ်ဆို ပိုက်ဆံလေးသွင်းပြီးသင်တန်းတက်လိုက်မယ်" ဆိုတဲ့ အလွယ်နည်းမလိုက်တော့ဘူး။

ကျနော်နောက်ပိုင်း လိုက်စားတဲ့‌နည်းလေးက တစ်ခုခု လုပ်တော့မယ်ဆို "စပ်စု၊ စုံစမ်း၊ စူးစိုက်" ဆိုတဲ့ အရာလေး သုံးတယ်။ (credit to my dad)ဥပမာ - သင်က သူများ‌ တွေလို "ငါလဲ ဘာသာစကား တစ်ခုခုတက်ရမယ်" လို့တွေးတော့

ပထမဆုံးလုပ်ရမဲ့အလုပ်က စပ်စု ရမှာ။ စပ်စု ဆိုတာ အစက်လေးတွေကို စု တာ။ ဘာသာရပ်တွေ ဘယ်နှမျိုးရှိလဲ။ အင်ဂိတ်စာ၊ ဂျပန်စာ၊ တရုတ်စာ၊ ကိုးရီးယားစာ။ ဘယ်ဘာသာစကား‌သင်ရင် လစာ ပိုကောင်းလဲ။ information ကို ‌အကြမ်းဖြင်း လိုက်စုတာပေါ့။

ဒုတိယ က စုံစမ်း။ စုံအောင်စမ်းတာ။ တရုတ်စာတက်နေသူကို ‌သွားမေးတယ်။ "နီ ဘယ်လို နေလဲ ဟောင်လား ဟောင်လား?" တရုတ်ကြီးက "ဝေါ် ဆင်ပြေဘူး တရုတ်စာ ထိုက်နန် လာ"။ (အရမ်းခက်တယ် အရမ်းခက်တယ်)ဂျပန်စာ တက်နေသူကတော့ အံမယ် acc name တောင် ဂျပန်လိုနဲ့ဆိုတော့ အဆင်ပြေနေပုံပဲ။

တတိယ တစ်ခုက စူးစမ်း။ သင်လဲ ဂျပန်လို ‌acc name လေးချိန်းချင်တော့ ဂျပန်စာ ကိုပဲလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ သင်တန်းတွေရှာတယ်။ အလုပ်အကိုင် အခွင့်အရေးတွေ မေးမြန်းတယ်။ ဒါက စူးစူးစိုက်စိုက် စမ်းတဲ့အပိုင်းပေါ့။

မျှဝေတာပါ။ online learning နဲ့ မဆိုင်မှန်းသိပါတယ်။ စကားပြန်ဆက်ရအောင်။

ခေတ်ကြီးထဲမှာ ပညာက မြို့ပေါ်က လူတစ်စု အတွက် ပဲ မဟုတ်တော့ပါဘူး။ Technology ကျေးဇူးနဲ့ ပိုတောင်ပြောင်းလဲခဲ့ပါပြီ။

ပညာရေးအပြောင်းအလဲ?

"မြန်မာနိုင်ငံကကျောင်းသားတွေအားလုံးသာ အုံးလိုက်ကျင်းလိုက် online-learning ကို ယုံကြည်တယ်၊ လေ့လာသင်ယူတယ်ဆို သူတို့ လိုချင်တဲ့ နိုင်ငံတကာ အဆင့်မှီ ပညာရေး ၊ quality education ပေးကို ပေးနိုင်တယ်၊၊ ကျောင်းစရိတ်ကို အရမ်းသက်သာ အောင်လုပ်ပေးလိုက်လို့ရတယ်။ ဘာလို့လဲဆိုတော့ Zoom meeting room က တစ်လ ၃၅၀၀၀ ပဲပေးရတယ်လေ။ အပြင်မှာသာ အခန်းနဲ့ သင်မယ်ဆို မင်းစဉ်းစားကြည့် အခန်းငှားခ တွေ၊ ဆရာတွေကို ပင့်ခတွေ၊ ထိန်းသိမ်းခတွေ၊ ကုန်ကျစရိတ်တွေ က စုံနေတာပဲ။ အဲ့တော့ ရလဒ်က အပြင်မှာသွားတက်ရင် ကျောင်းလခ တွေ မိုးပေါ်မြှောက်နေတာပေါ့။ နောက်ထပ် ပိုအရေးကြီးတဲ့တချက်က ကျောင်းကို တိုးချဲ့ချင်သလို တိုးချလို့ မရဘူး အပြင်ကျောင်းဆို အများဆုံးဆန့် ကျောင်းသား ၁၀၀၀ ၂၀၀၀ ပေါ့ ကျောင်းသားတွေ များလာတာနဲ့အမျှ မြေကွက်ငှားရဦးမယ်။ ကျောင်းဆောက်ရဦးမယ်။ ၀န်ထမ်း တွေငှားထည့်ရဦးမယ်။ Online မှာဆို ကျောင်းသားတွေအားလုံး ကိုယ့်အိမ်မှာကိုယ်နေပြီး ကိုယ့် laptop နဲ့ကိုယ် သင်ရင် အယောက်တစ်သိန်းလဲ ဖြစ်နိုင်တယ်။ အယောက်တစ်သန်းလဲဖြစ်နိုင်တယ်။ manage လုပ်ပေးသွားလို့ရတယ်။" ဒီစကားလေးကို ကျောင်းအုပ်ဆရာ ပြောတာပါ။ ကျနော် တခါမှ ကျောင်းဆရာ ရှုထောင့်ဘက်က မကြည့်ဖူးဘူး။ Online class တွေက ဈေးတော်တယ် ဒါပဲ သိတာ။ ဒီအရာ က မြန်မာနိုင်ငံ က ပညာရေးကို တမဟုတ်ချင်း တစ်ဟုန်ထိုး ပြောင်းလဲ ပစ်နိုင်တယ်ဆိုတာ ကို မစဉ်းမိဘူး။

"ဟ နေပါဦးနေပါဦး ဈေးတော်တာ တော့ ဟုတ်ပါပြီ။ သင်တာ ဘာမှ မတတ်ရင်ရော။"

ဒါကတော့ ကျောင်းသား ပေါ်မူတည်တယ်ဗျ။ ထပ်မံဖြည့်စွက်ပြောရင် သူ့စိတ်၀င်စားမှု၊ သူ့ကိုသင်တဲ့ဆရာ၊ မိသားစု က သူ့ကို ထောက်ပံ့မှု (laptop, electricity, and internet) နဲ့လဲဆိုင်တာပေါ့ဗျာ။

ကျနော့်အိမ်က လိုအပ်တာတွေ ထောက်ပံ့ တယ်။ ကိုယ့်လမ်းကြောင်းကို ကိုယ်ရွေးချယ်ထားတာမို့ အဆုံးထိ လျှောက် ဖို့ စိတ်ကူးတယ်။

CIS မှာတက်ခဲ့တဲ့ ၁ နှစ်တာ ပတ်လုံးမှာ အဆင်ပြေချောမွေ့ခဲ့တယ် (ဒီအကြောင်းသက်သက်ပိုစ့်တစ်ခု‌ ရေးပေးပါ့မယ်) ၇ ဘာသာ ယူတယ်။ chemistry တစ်ဘာသာက လွဲပြီး ကျန်တာ အကုန်စိတ်၀င်စားတယ်။ စာတကယ် တတ်သလားမေးရင် တတ်တယ်၊ ၁ နှစ်ရှိပြီ အဆင်ပြေချောချောမွေ့မွေ့ပဲ။ အသိသာဆုံးအပိုင်းကတော့ Biology နဲ့ English writing ပိုင်းပေါ့ ကျနော်အရမ်းစိတ်၀င်စားတာကိုး။

သင်ချာ ဆရာဆို I pad ပေါ်က ဟာကို screenshare ပြီး သင်တာ။ သူပြောတယ် "အရမ်း convenient ဖြစ်တာပဲ ‌ဘောဖြတ်စရာလဲ မလိုဘူး question တွေဆိုလဲ plug in လုပ်လိုက်လို့ရတယ် Online classဆိုတော့ လူတိုင်း က front row ကြီးပဲ" တဲ့ "နောက်အပြင်မှာသင်ရရင်တောင် ဒီလို ပဲ သင်ချင်တာ" တဲ့

SCIENCE SUBS မှာလဲ သင်ရတာ အဆင်ပြေပါတယ်။ ဆရာတွေက ကျောင်းသားတွေနဲ့ အပြန်အလှန်ဆွေးနွေးတယ်။ yt video ပြတယ်။ assignment ပေးရင် google classroom က ပေးတယ်။ google ပေါ်ကနေ research လုပ်ခိုင်းတာရှိတယ်။

နောက်ထပ် သင်တာ တတ်ဖို့ နားလည်ဖို့ စိတ်၀င်စားဖို့က ဆရာ နဲ့လဲ ဆိုင်သေးတယ်လေ။

ခု စာဖတ်နေသူ စဉ်းစားကြည့် ကိုယ့်မြို့လေးထဲက သင်တန်းမှာပဲ သွားတက်မယ်ဆို ကိုယ့်မြို့ကျဉ်းကျဉ်းလေးထဲက ရှိတဲ့ ဆရာတွေနဲ့ပဲသင်ရမှာ။ Online နဲ့ဆို စဉ်းစားကြည့် မြန်မာ တစ်နိုင်ငံလုံးက ဆရာ တွေသာမက တစ်ကမ်ဘာလုံးက ဆရာတွေ ဆီက တောင်သင်လို့ရတယ်။

"အဲ့လို သင်တာက ဟုတ်ပါပြီ။ ဆရာတွေ online နဲ့ သင်တာကော ထိရောက်မှုရှိပါ့မလား"

ရှိတာပေါ့။ အရမ်းကိုရှိတာပေါ့။ ကျနော့်ကျောင်းမှာ အင်ဂလိတ်ဆရာ သင်တဲ့ ပုံလေးပြောပြမယ်။ သူက သူကိုယ်တိုင် အရှေ့ကနေပဲ ဦးဆောင်ပြီး သင်တာထက် ကျောင်းသားတွေက ကိုယ့်ဘာသာကိုယ် google ကရှာစေတယ်။ ပြီးရင် materials ပေးတယ် google drive ကနေ။ စာလုံးတစ်လုံးမသိရင် dictionary ထဲမှာ ရိုက်ထည့်လိုက်ရုံပဲ။ အရမ်းလွယ်တာနော်။ အပြင်မှာသာ သင်ရမယ်ဆို Dictionary စာအုပ်ကြီးလှန်းရဦးမယ်။ ပြီးရင် examples တွေလဲမပါ၊ synonyms တွေဆို စာအုပ်တွေထဲမှာတောင် ရှာလို့မရ။ ဒုက်ခတော်တော်ရောက်မှာ။

ပြီးတော့ အပြင် group work တွေ လုပ်မယ်ဆို ကျောင်းသားတွေထိုင်ရာက ထဖို့ ၅ မိနစ်၊ ရေသောက်လိုက် သေးပေါက်လိုက် စကားပြောလိုက် အတွက်က ၁၅ မိနစ် group work လုပ်ချိန် က ၁၀ မိနစ်။ online နဲ့ဆို "ကဲသွား breakout room ထဲ၀င် ‌ဆယ်မိနစ်ပေးမယ် ပြီးအောင်လုပ်" ဆိုပြီးပြီ။ (လိုင်းလေးတော့ ကောင်းဖို့ လိုတာပေါ့နော်။)

‌"online မှာကြီးကကွာ ဘာမှလဲ လက်တွေ့စမ်းလို့မရ science ဘာသာရပ်တွေသင်တာ ဘယ်နဲ့ အဆင်ပြေမှာလဲ" လို့မေးကောင်းမေးကြလိမ့်မယ်။

ဒီပြသာနာကို YouTube videos တွေနဲ့ ဖြေရှင်းလိုက်လို့ရပါတယ်။ ရလဒ်က မကွာလှပါဘူး။ အိမ်တွင်း ပစ်စည်းများနဲ့ လုပ်လို့ရတဲ့ experiments တွေလုပ်ပေါ့။

ဒီ post လေးဖတ်ကြည့်ပါ။

https://m.facebook.com/story.php?story_fbid=1130071290908705&id=100017175341054

YouTube video အပြင် အသုံးပြုလို့ရမယ့် website တွေ သင်ထောက်ကူ app တွေ အများကြီးပါပဲ

(ဥပမာအနေနဲ့ IGCSE resources များကိုပဲ ကြည့်ကြည့် - https://www.facebook.com/103222585786390/posts/103506892424626/)

သေချာတွေးကြည့်ရင် Online learning က ထင်ထားတာထက်တောင် beneficial ဖြစ်သေး။

ပြီးတော့ တခြား အဆင်ပြေမှုလေးတွေ

၁) အိပ်ရာစောကြီးထပြီး ကျောင်းသွားဖို့ မလိုတာ၂) အချိန်ကုန်သက်သာတာ၃) ထမင်းချိုင့်လဲ မပြင်ရတဲ့အတွက်အိမ်က မိဘ အလုပ်မရှုပ်တာ၄) စိတ်ဖိစီးမှု ပိုနည်းတာ၅) (အရေးကြီးဆုံး) ရှမ်းပြည်ကလူလဲ ရန်ကုန် က online school တက်လို့ရတာ၆) class ပျက်ရမယ်ဆိုလဲ ကိစ်စမရှိRecord လို့ရ

Record နည်း -https://www.facebook.com/103222585786390/posts/104221435686505/

and so on။

"ဟုတ်ပါပြီ ဟုတ်ပါပြီ။ ကောင်းကျိုးတွေ က များကြီးပဲ အခက်အခဲတွေကော...?"

ရှိတာပေါ့ဗျာ..

၁) သူငယ်ချင်းတွေနဲ့ အပြင်မှာ ဝေးလား ဝါးလား ကျောင်းတက်ရတဲ့ လူငယ် Vibe တော့ ဆုံးရှုံး ရလိမ့်မယ်။ ကျနော်ကတော့ တစ်ယောက်ထဲ ရန်ကုန်မြို့ထဲလျှောက်သွားပြီးဖြေရှင်းတယ်၊ စိတ်ထွက်ပေါက်အနေနဲ့ Yangon Book plaza သွားတယ်၊ စာဖတ်တယ်။ တစ်လ တစ်ခါလောက် online friends တွေနဲ့ပဲ hangout လုပ်တယ်။

Yangon book plaza review -https://m.facebook.com/story.php?story_fbid=1060384017877433&id=100017175341054

၂) အခန်းတွင်း တစ်နေကုန် စာသင်ရရင်တော့ dizzyဖြစ်လိမ့်မယ်။ ဒီအတွက် ကျနော်ဆို ညနေပိုင်း လမ်းထွက်လျှောက်တယ်၊ ကတယ်၊ ချွေးထွက်အောင် လုပ်တယ်။

၃) စာသင်နေချိန် စိတ်လွင့်တာ၊ အာရုံမစိုက်နိုင်တာ၊ လူကသာ ငေါင်တောင်တောင်ကြီး ထိုင်နေပေမယ့် စိတ်က milky way galaxy အပြင်ကို ခရီးထွက်နေတာ။ ဒါကတော်တော်ဆိုးတယ်။ တခါတလေ အာရုံ မစိုက်နိုင်တဲ့ နောက်ဆုံး သူငယ်ချင်းကို record ခိုင်းပြီး လမ်းထွက်လျှောက်လိုက်ရတယ်။ နောက်မှ ပြန်ကြည့်ပေါ့ (မကြည့်ဖြစ်တာများပါတယ်)

ဒါကတော့ အကြီးဆုံးပြသာနာပါ။ ခုချိန်ထိ သေချာ မဖြေရှင်းနိုင်သေးပါဘူး။

ထူးဆန်းတာက Eng ချိန်ဆို တစ်နှစ်ပတ်လုံးတစ်ခါမှ အဲ့လိုမဖြစ်ဘူး။ camera အမြဲဖွင့်ရတယ်။ မဖွင့်ရင် ဆရာက ကစ်တယ်။ အမြဲမေးခွန်းမေးနေတယ် ၊ ပြီးတော့လဲ စာရေးရတာလဲ ဝါသနာပါတော့ eng ချိန်ဆို အာရုံက အမြဲစူးစိုက်မိတယ်။

၄) စာလုပ်တာ။ကျနော်ကတော့ Guide မငှားဘူး၊ ကျုရှင်မတက်ဘူးဗျ။ မလိုဘူးလဲ ထင်လို့ ပြီးတော့လဲ ကျောင်းကပဲ တစ်နေ့ကုန် online တက်ရတာ။ guide ပါဆက်တက်ဆို ငြီးငွေ့သွားမှာဆိုလို့။ ကိုယ့်ဘာ သာကိုယ် စာလုပ်တယ်။ (စစချင်း habit စလုပ်တုန်းြအရမ်းပင်ပန်းတာနော် state‌ ကျောင်းက ပြောင်းလာတဲ့သူတွေအတွက်) တစ်သက်လုံး ကျုရှင်နဲ့ပဲ ကြီးလာတာဆိုတော့ ကိုယ့်ဟာကိုယ် ရပ်တည်ဆို မရပ်တည်နိုင်ဘူး။ ခုတော့ ကျင့်သားရနေပါပြီ။ တစ်နေ့ 6 နာရီလောက် ကိုယ့်ကိုယ်ကို ထိန်းပြီးစာလုပ်တယ်။စိတ်ဟိုရောက်ဒီရောက်မဖြစ်အောင် weekdays တွေဆို social media ဖျက်တယ်၊ ဂိမ်း လဲ ဝါသနာမပါတော့မဆော့ဘူး။ အစက ခက်တယ်။ နောက်ပိုင်းတော့ အဆင်ပြေသွားတာပါပဲ။

ဒီ post လေးကို ကျနော့်ရဲ့ IGCSE journey နဲ့ ယှဉ်တွဲပြီး ရေးသားထားတာပါ။ University ပဲဖြစ်ဖြစ် College ပဲဖြစ်ဖြစ် ကြုံ‌ တွေ့ရမယ့် experience တွေက တူတူလောက်ပဲကျမှာပါ။ လိုအပ်တာရှိရင် ဖြည့်စွက်ပြောဆိုနိုင်ပါတယ်။

စာလေး‌ရဲ့အဆုံးမှာ "online နဲ့ဆို င့ါကလေးက အဆင်ပြေပါ့မလား" ဆိုတဲ့ မိဘတွေ ရှင်းလင်းသွားမယ်၊ အဖြေတွေရှာတွေ့သွားမယ်။ online class မို့ တွန့်ဆုတ် တွန့်ဆုတ်ဖြစ်နေတဲ့ ကျနော့် တချို့ သူငယ်ချင်းတွေလဲ ဆုံးဖြတ်ချက် ချနိုင်သွားမယ်လို့ မျှော်လင့်ပါတယ်။ အခုတည်းက online learning ပေါ် လူတိုင်း တစ်ယောက်မကျန် ပြောင်းရွှေ့သင့်ပါတယ်။ covid လိုရောဂါတွေက ဆက် ဖြစ်ဦးမှာပဲ။ တစ်ကမ်ဘာလုံးကလဲ digital ဘက်ကူးပြောင်းနေကြပြီ။ အပြောင်းအရွှေ့မှာ ကိုယ်ပြတ်ကျ မကျန်ခဲ့ဖို့ အခုထဲက ထိတွေ့ထားကြပါ။

Related posts

About IGCSE -https://www.facebook.com/106313037922264/posts/451264553427109/

Benefits and drawbacks of IGCSE - https://m.facebook.com/story.php?story_fbid=1098838254032009&id=100017175341054

How to start programming -https://m.facebook.com/story.php?story_fbid=216635487008401&id=101919591813325

Self-study for programming -https://m.facebook.com/story.php?story_fbid=176288747709742&id=101919591813325

English Grammar ပေါင်းချုပ် (ဖတ်ကိုဖတ်သင့်) -https://www.facebook.com/320636751652754/posts/886725561710534/

English -https://www.facebook.com/groups/igcseandged/permalink/3180457882211443/

English speaking clubs -https://www.facebook.com/109122095005043/posts/111117608138825/

English courses -https://m.facebook.com/story.php...

Study English -https://www.facebook.com/129943894221406/posts/1086335008582285/

Google workspace -https://www.facebook.com/106721331863862/posts/147461237789871/