Nov 19, 2022

ပညာရေး အခွင့်အလမ်းတွေ မှန်သမျှ လက်လွှတ်မခံ ရလေအောင် ဒီ Organizations/ Edu pages/ Communities တွေ ကို စီးဖက် ထားပါ။ (+ Volunteer လုပ်ချင်နေသူတွေအတွက် youth organisation တွေ အကုန်ပါ)
Scholarship တွေ ဆို.....
MYEO နာမည်အကြီးဆုံး Scholarship opportunity တွေ Share ပေးနေတဲ့ အဖွဲ့အစည်းပါ။ Free classes တွေ Webinar တွေ ရံဖန်ရံခါ လုပ်ပေးလေ့ ရှိပါတယ်။ ခုတောင် leadership program တွေဖြစ်တဲ့ ELTI (Level 2,34) လုပ်နေတယ်နော်
Take Your Time Scholarships တွေ foregin uni တွေအကြောင်း share ပေးတဲ့ org ပါ။ ကျနော်တော့ ဒီက contents တွေ တော်တော် ဖတ်ဖြစ်တယ်ဗျ။
Ctrl List Scholarships အဓိက Share ပေးတဲ့ org တစ်ခုပါ။ Scholarship training program တွေ webinar တွေလဲ လုပ်ပေးပါတယ်။
FYI IELTS & TOEFL သင်တန်းတွေ အဓိက ရှိပါတယ်။ Scholarship opportunities တွေလဲ အများကြီးတင်ပေးထားပါတယ်။
U.S. Embassy Rangoon မထင်ရင် မထင်သလို scholarship opportunities တင်ပါတယ်။ webinar တွေလုပ်ပါတယ်။ စီးဖက် ထား သင့်ပါတယ်နောိ
EducationUSA Burma US ပညာရေးအကြောင်း တွေ ရှဲပေးပါတယ်။ ဟိုနေ့ ကတောင် ဒီကလုပ်တဲ့ offline eventတောင် ကျနော် သွားတက်လိုက်သေး။
IR Student Updates ဒါကတော့ အချိန်နဲ့ တပြေးညီ scholarships တင်ပေးတာပါ။ but English လိုပေါ့။
ပညာရေးပိုင်း လိုက်စားတော့မယ်ဆို ၀င်ကို၀င်ရမယ့် fb groups
https://www.facebook.com/groups/589712041379811/?ref=share&mibextid=NSMWBT https://www.facebook.com/groups/scholarshipsformyanmar/?ref=share&mibextid=NSMWBT
Free class တွေ ဈေးသက်သာတဲ့ အတန်းတွေဆို.....
Run Free Education Run free ကိုမသိရင်တော့ ခေတ်တော်တော်နောက်ကျနေတာပါပဲ။ Free classes ပေါင်းများစွာကို Batch ပေါင်းများစွာ ဖွင့်ပြီးပါပြီ။ ကျနော်ဆို HSK 3 ကို အဲ့မှာ တက်ခဲ့တာပေါ့။ အဆင်ပြေပါတယ်။ (၁၂ ထိ မအိပ်ပဲ link တွေ တော့ စောင့်ခဲ့ရတာပေါ့ )
The Forward Society "The forward society ကလုပ်ပေးတဲ့ Free class တွေ၊ workshops တွေက အရမ်းမိုက်တယ်နော်" ဟုတ်ပါတယ်ဗျ။ speaker တွေ သေချာ ပြောပြ ပေးတယ်။ ကျနော် Content writing workshop တက်ဖူးပါတယ်။ ပြီးတော့ ဒီ org က တကယ်လိုအပ်တဲ့ free class တွေ ဖွင့်ပေးပါတယ်။ Vdo editing class တို့ ဘာတို့ ပြီးတော့ အခုဆို ကျနော် လိုအပ်နေတဲ့ Business administration ဆိုတာ ဘာလဲဆိုတာကို... ၅ ရက်ကြာ ရှင်းပြမယ့် Program လေးလဲ ခုရှိနေတယ်ပေါ့နော်
Zee Kwat Academy ကလေးတွေအတွက် ဈေးသက်သာတဲ့ language အတန်းတွေ ဒီမှာ တက်နော်။ Thate Pan Hub ကလေးတွေအတွက် coding free class တွေရှိပါတယ်။ Thatepan Festival ဆိုတာလဲ တွေ့တယ်ဗျ။ ကျနော်က CS ဝါသနာမပါတော့ ဒီပိုင်း သိပ်မလေ့လာမိဘူးရယ်...
American English Myanmar US embassy ဘက် က စီစဉ်ပေးထားမို့ free တွေကြီးပါပဲ။ conversation class တွေလဲ ရှိတယ်နော်။
Study abroad မယ့် သူများအတွက်....
Morningstar Education New York - MYTTA အမေရိကန် ပညာရေး စိတ်၀င်စားတဲ့ဆို Page မှာ လုံး၀ အစအဆုံး အကုန်ဖတ်သင့်ပါတယ်။ Founder နဲ့ စကားပြောဖူးပါတယ် တော်တော်လေး စိတ်ကောင်းပြီး မြန်မာ လူငယ်တွေကို စနစ်တကျ ကူညီပေးချင်တဲ့ NY က လူငယ်တစ်ယောက်ပါ။ US သွားဖို့ ပြင်နေသူ တွေ အတွက် interview training တွေ ကျောင်းဝိုင်းရှာပေးတာ Consulting လုပ်ပေးတာတွေကို Bootcamp လို မျိုး လုပ်ပေးနေပါတယ်။
MoefromAmerica American dream ရှိသူဆို အစအဆုံးဖတ်သင့်တဲ့ page ပါ။
Taiwan EduLab by Aung Taiwan education ဆို ဒီကို လာပါ။ ဒီအကို စာအရေးအသားကိုတော့ ရှယ်ကြိုက်တာပါ။ ဖတ်ရတာ လုံး၀ ငြီးငွေ့ဖို့ မကောင်းဘူး။
Phyo Vlog China education ဆို ဒီကို သွားပါ။
Win Education Myanmar Canada ဆို ဒီကို သွား
@finest education myanmarFinland ဆို ဒီကိုလာပါ။
HENC Myanmar Thai education ဆို ဒီမှာ စုံတယ်။ Consultation တွေလဲ ရှိတယ်ဗျ။
Elevate Education Thai education နဲ့ ပတ်သက်ပြီး Free consultation ပေးပါတယ်။
Funnel Education ခင်ဖို့ သိပ်ကောင်း ကူညီတတ်တဲ့ အကိုတစ်ယောက်က Thai education ကို sharing လုပ်ပေးတာပါ။ ကျောင်းလျှောက်မယ်ဆို ဒီကိုလဲ လာနော်!
The Lynn Diary Child's dream scholarship ရထားတဲ့ အကိုတစ်ယောက်က Thai education ကို sharing လုပ်ပေးနေတာပါ။
Volunteer ၀င်လုပ်ပေးနိုင်တဲ့ Youth Organisation များ....
Better Youth Myanmar Goals လေး တွေကို သဘောကျ လို့ပါ။ Better Education, Better Environment, Better Healthcare တဲ့။ activity တွေလဲ အများကြီးရှိတဲ့ အတွက် Volunteer လုပ်မယ်ဆို အတော်လေးကောင်းတဲ့ Youth Org ပါ။
AIESEC in Myanmar The global youth diary, ပြေးလမ်း, polaris (pathway ရှာဖွေခြင်း) တကယ်မိုက်တဲ့ programme တွေ လုပ်ပေးနေတာပါ။ speakers တွေကလဲ သူတို့နယ်ပယ်မှာ ဒိတ်ဒိတ်ကျယ်တွေမို့ AISEC ရဲ့ event တွေ Join ပြီးတိုင်း တခုခုတိုးလာတယ်လို့ ခံစားရစေမှာပါ။
Conceptians ကျနော်နဲ့ ကျနော့်သူငယ်ချင်းတွေဖွဲ့ထားတဲ့ ကျောင်းသားဦးဆောင်တဲ့ အဖွဲ့လေးပေါ့။အကုန်လုံး အထက်တန်း မပြီးသေးတော့ Program ကြီးကြီး တွေ Run ဖို့ အဆင်မပြေသေးဘူးရယ် လောလောဆယ်တော့ စာရေး၊ interview လုပ်ပြီး နိုင်ငံခြားပညာရေး ကို အဓိကထား Sharing လုပ်ပါတယ် နောက်ပိုင်းမှာ Environment နဲ့ပါ ပတ်သက်ပြီး ချဲ့ထွင် သွားမှာပါ။
More details about my organisation, စစ introduce တုန်းက ပိုစ့်လေးပေါ့ - https://m.facebook.com/story.php?story_fbid=pfbid02EyXhQnxf17CqKpBuYSsazCuQxbmzDqDUc9LrX5kmKAVrSkJRQanP5CvWmr7XFL9vl&id=100017175341054
No Hunger Zone Theme လေးအတော် သဘောကျတယ်ဗျ လူငယ်တွေအတွက် အကျိုးရှိမယ့် အရာတွေလုပ် ရတဲ့ donation တွေကို ပြန်လှူ။ တော်တော်လေး လဲ friendly ဖြစ်မယ့် environment ပါပဲ Volunteer တွေ ဒီကိုလဲ သွားသင့်ပါတယ်နော်!
ASEAN Youth Advocates Network- Myanmar Global YAN ကနေ Myanmar အခွဲတစ်ခုပါ။ လုပ်ရတာ စနစ်ကျပြီး အများကြီး ပြန်ရမယ့် org တစ်ခုပဲဗျ။ ဟိုနေ့က Volunteer recruitment webinar လဲ တက်လိုက်တော့ volunteer လုပ်မယ်ဆို recommend ပေးချင်တယ်ဗျ။ environment, education, knowledge Sharing တွေကို စာအနေနဲ့ ကော webinar တွေအနေနဲ့ပါ တင်ပေးတာပါ။
Hexa ( https://www.facebook.com/hexaorgofficial?mibextid=ZbWKwL )Environment ပိုင်းကို အင်တိုက်အားတိုက်လုပ်ပေးနေတဲ့ Org တစ်ခုပါ။ စနစ်တကျ လေး လုပ်ထားကြတာ တွေ့ပြီး ကျနော့်အနေနဲ့လဲ အားကျပါတယ်။ Pollution, Global warming, ရေပြသာနာ, Plastic problem တွေ ဖြေရှင်းဖို့ စိတ်၀င်စားရင် အသွားသင့်ဆုံး Org တစ်ခုပါ။
Youth Know-versity Eng speaking club တွေရှိပြီး Eng နဲ့ပတ်သက်တာ တွေ ဝေမျှပေးပါတယ်။
For The Future ပညာရေးဘက် ဇောင်းပေးပြီး sharing လုပ်ပေးပါတယ်။ workshops, webinars, scholarship sharing စတာတွေလဲ တခြား Org တွေနဲ့ ချိတ်ဆက်ပြီး ခပ်စိတ်စိတ်လှုပ်ရှားနေကြပါတယ်။ ကျနော်တောင် ဒီက workshop တစ်ခု Join ထားသေးတယ်ဗျ။
Hype Think Education Contents တွေ posters တွေက ဖတ်လို့ကောင်းပြီး လှနေကောပဲ။ English နဲ့ပတ်သက်တာတွေ တင်တယ်။ တချို့ လူငယ်တွေ သိသင့်သိထိုက်တဲ့ အရာတွေ လဲ sharing လုပ်တယ်ဗျ
Alpha Learn ဒီက Content လေးတွေ ဖတ်လို့ကောင်းတယ်။ Poster လေးတွေက မျက်စိပဒေသာ ကျ လှနေကောပဲ။ Webinar တွေလဲ ရှိတယ်နော်။
Hypen Organization Language ပိုင်းကို အဓိက ထားပြီး sharing လုပ်ပေးပါတယ်။ Workshops တွေ Webinars တွေလဲ တွေ့ရတယ်ဗျ။
Study Diary Eng စာဘက် ရယ် ကျောင်းသားတွေ အတွက် အကူညီဖြစ်စေမယ့် Content လေးတွေ တင်ပေးပါတယ်။ btw ကျနော့်သူငယ်ချင်း content writer ကောင်းလေးက အဲ့မှာ Leader ပါ။ အရေးအသား တစ်ပေါက် လျှမ်းလျှမ်းတောက်ချက်ပဲ။
BhiLatt Platform First impression ကတော့ အရမ်း fun ဖြစ်မယ့် work environment ရှိတယ်လို့ မြင်ပါတယ်။ Review ကောင်းတွေရထားတဲ့ Eng conversation club တွေလဲ ရှိတယ်ဗျ
EduHub of Young Initiatives - EYI Mission လေးတွေ သဘောကျတယ်ဗျ။ summarize လုပ်လိုက်ရင်တော့ လူငယ်တွေ လိုအပ်တာမှန်သမျှ ကို လုပ်ပေးနေတာပါ။
New horizons ( https://www.facebook.com/newhorizons.edu15?mibextid=ZbWKwL )Language ပိုင်း အာရုံစိုက်တဲ့ org တစ်ခုပါပဲ။ webinars တွေလဲတွေ့ရတယ်ဗျ။
Leading Learners သိပ်မကြာခင်ကမှ စလိုက်တဲ့ လူငယ် org လေးတစ်ခုပါ။ Vdo လေးတွေ နဲ့ Approach လေးက မိုက်ချက်
Your Educational Researcher-YER သူငယ်ချင်းတစ်ယောက်ရဲ့ Page လေးပါ။ ပညာရေးအကြောင်းတွေ အဓိကထား တင်ပါတယ်။ပညာရေးမဟုတ်တဲ့ တခြား Org လေးတွေပါ ကျနော် နဲ့ မရင်းနှီးလို့ description မရေးပေးတော့ဘူးနော်။
Artis-Hood ကျနော့်ရဲ့ ချစ်လှစွာသော အက ဆရာတွေ ထောင်ထားတဲ့ အနုပညာဆိုင်ရာ အဖွဲ့ ပါ။ အဆို၊ အက၊ အတီး၊ အမှုတ် စိတ်၀င်စားရင် see first ထားနော်။ event တွေလဲ ရံဖန်ရံခါရှိပါတယ်။
U-Report Myanmar မရှက်နဲ့ Thit Yeik Rainbow Alliance
Online/ Offline Event တွေဆို...
American University of Yangon Private university လိုမျိုးပေမယ့် ရံဖန်ရံဖန် Free in-person event တွေ လုပ်ပေးတတ်ပါတယ်။
American Center Yangon Virtual event တွေတော်တော်လေး ခပ်စိတ်စိတ် လုပ်ပေးပြီး နောက်ပိုင်းမှာ in-person event တွေလဲ ရှိလာပါတယ်။(Virtual membership တော့ ၀င်ထားဖို့ လိုမယ်နော်)
Online English-speaking clubs တွေဆို...ဒီ collection လေးကြည့်လိုက်https://www.facebook.com/104153398665778/posts/133162409098210/?mibextid=Nif5oz
Offline English-speaking clubs တွေဆို...ဒါလေးဖတ်ကြည့်လိုက်။ Fri တစ်ယောက်ရေးပေးထားတာလေးပါ...https://www.facebook.com/100060419760001/posts/509936911030297/?mibextid=Nif5oz
အပေါ်မှာ ရေးပေးခဲ့တာ တွေကလေ 2021-2022 တစ်လျှောက် ပညာသင်ပေးခဲ့တဲ့ ကျနော့် ဆရာတွေပါပဲ။ အမြဲတမ်း သူတို့ တင်ထားတဲ့ စာတွေ ဖတ်၊ free class တွေ လိုက် Join ရင်း အရင်ကထက်လဲ ပိုသိလာရတယ်ပေါ့။ Org အကြီးကြီးတွေကို ကြည့်၊ အားကျ၊ ပြီးရင် ကိုယ့် Org ကိုယ် ပြန်တွန်း။ mention ခဲ့တဲ့ Org အကုန်လုံးနဲ့ Conceptians နဲ့ အနာဂတ်မှာ Collborate လုပ်ရဖို့လဲ မျှော်လင့်ပါတယ်ဗျ!ဖတ်တဲ့သူတွေအဆင်ပြေအောင် Org အကြောင်းလေးတွေကို အတိုလေးချုံ့ ရေးပေးထားပါတယ်နော်။ တချို့က အစတည်းက သိထား ပေမယ့် တချို့က ရေးခံနီးမှ အကုန်ပြန်ဖတ်ပြီး ရေးထားတာမို့ အမှားလေးတွေရှိပါက ခွင့်လွှတ်ပေးကြဘာ... ပြီးတော့ ကျနော်ကျန်ခဲ့တဲ့ ပညာရေး page တွေရှိရင် cmt ခဲ့နော် ဒီ post လေးကို အကုန်ပါတဲ့ လမ်းပြမြေပုံလေးလို ဖြစ်စေချင်လို့ပါ။ By the way ဒီ post လေးက Conceptians က လူချောလေး ရေးတာနော်။ page လေးကို လိုက်ကီ လေး ပလိစ့်...
#Category_Sharing #Writer_JohnTenKhant #GraphicDesigner_YuparLinnLattKoONEPTIANS ( https://www.facebook.com/profile.php?id=100082812927163&mibextid=ZbWKwL )