Mar 2, 2024

❝ ကျောင်းသားတိုင်း တစ်ခေါက်လောက် ရောက်ကို ရောက်ဖူးသင့်တဲ့ ထိုင်းနိုင်ငံ က အကောင်းဆုံးသော public library (free) တစ်ခု ❞
“ဟာ မိုက်လိုက်တာကွာ ဒီလိုမျိုးကောင်းလိုက်တဲ့ Learning Center ကြီး ငါတို့ နိုင်ငံမှာ ရှိစေချင်လိုက်တာ” ဆိုတာက ကျနော့်ခေါင်းထဲကို ပထမဆုံး ရောက်ခဲ့တာပါ။
Study Table ရဲ့ ရှေ့မှောက်မှာ မိုက်လိုက်တဲ့ Riverside View ကြီး… Cruise ကြီးတွေ ဖြတ်သွားတဲ့ မြင်ကွင်းလေးတွေ ပင်လယ်ပျော် ငှက်လေးတွေ မြစ်ထဲမှာ ပျော်မြူး ဖြတ်သန်းနေတာ…ကို စာကြည့်တိုက်တစ်ခုမှာ မြင်ရလိမ့်မယ်လို့ တစ်ခါမှ မျှော်မလင့်ခဲ့တာပါ…
ဟုတ်တယ်လေနော်… စာကြည့်တိုက်ဆိုတာက ငယ်ငယ်ထဲက မြင်ယောင်လာခဲ့တာ အခန်းထဲမှာ အလုံပိတ်ပဲလေ….
ခုမှ Riverview ကြီး မြင်မိတာ အံ့ဩမိတာ အမှန်ပါပဲ။ Library ရဲ့ Architects တွေကိုလည်း စိတ်ထဲမှာ လက်ခုပ်တီးမိပါတယ်။
River view နဲ့တင် မကသေးဘူး။
Study or Work အတွက် Mini Rooms လေးတွေများပြားလှတဲ့ စာကြည့်စားပွဲတွေက ကျနော့်ကို ဆက်လက်ပြီး ဆွဲဆောင်နေပါတယ်။
ရှေ့ဆက်လျှောက်ကြည့်တော့ အတော်လေးကို ကျယ်သားဗျ Cafe တွေကော Museum တွေကော အားလုံး Free ကိုမှ အေးချမ်းပြီး တိတ်ဆိတ်နေကောပါပဲ။
Center တစ်ခုလုံး လူတွေပြည့်ပြီး ကုန်းကုန်းစာလုပ်နေကြတာက အားရစရာပါပဲ။ Productive ဖြစ်တဲ့သူနားမှာ နေရင် ကိုယ်ကိုယ်တိုင်ပါ Productive ဖြစ်မိတော့ Energy က အရမ်းကို ကောင်းနေမိပါတယ်။
အပြင်ထွက်ကြည့်လိုက်မယ်ဆိုရင်လည်း ထိုင်စရာနေစရာလှလှလေးတွေ အများကြီးပါပဲ။ ညနေဘက်ဆို Riverview လေးနဲ့ လှလိုက်မယ့် ဖြစ်ချင်း…
Center ကြီးတစ်ခုလုံးကတော့ ကျနော့်လို Library တွေကို အရမ်းချစ်မိသူ တစ်ယောက်အတွက် သရေကျချင်စရာကြီးပါပဲ။
ကျနော့်လို သရေကျချင်ရင်တော့ Library သွားဖို့ ဟော့ဒီမှာ info တွေ
𝗟𝗶𝗯𝗿𝗮𝗿𝘆 𝗡𝗮𝗺𝗲: Prince Vivadhanajaya Library 𝗟𝗼𝗰𝗮𝘁𝗶𝗼𝗻: QF9X+46H, Wat Sam Phraya, Phra Nakhon, Bangkok 10300, Thailand 𝗚𝗼𝗼𝗴𝗹𝗲 𝗠𝗮𝗽𝘀 𝗟𝗶𝗻𝗸: https://maps.app.goo.gl/frErPgTZ8C9s5E4BA?g_st=ic 𝗢𝗽𝗲𝗻𝗶𝗻𝗴 𝗛𝗼𝘂𝗿𝘀: Monday to Saturday, 9:30 am to 20:00 pm
မြန်မာကျောင်းသားတွေအနေနဲ့ လည်း Study Place လုပ်လို့ အရမ်းကာင်းတာမို့ Sharing လုပ်ပေးတာပါ၊ နောက်ကျရင်လည်း အခြား Library တွေများကြီး Sharing လုပ်ပေးပါဦးမယ်ဗျို့