Theingottara Park Review

Theingottara Park Review

Oct 2, 2022

Theingottara Park Review

"စိမ်းစိမ်းစိုစို အပင်လေးတွေကြား တစ်ယောက်ထဲ တွေး၊ ဆွေး၊ ငေး၊ chill ဖို့ လူသူအရောက်နည်းတဲ့ ရွှေတိဂုံဘုရား မြောက်ဘက်မုဒ်နားက Theingottara ပန်းခြံ"

အဲ့နားက‌နေ ဖြတ်သွားတိုင်း ဖြတ်သွားတိုင်း အပင်တွေနဲ့ စိမ်းစိမ်းစိုစို၊ သန့်သန့်ရှင်းရှင်း၊ လူလဲ အရမ်းရှင်းတာကို တွေ့တာမို့ တချက်လောက် ၀င်ချင်ကြည့်ခဲ့မိတာ ကြာပါပြီ။ မနေ့ကမှ လမ်းကြုံလို့ ၀င်ကြည့်ဖို့ ကြိုးစားရင်း မြောက်ဘက်မုဒ် ဘုရားဈေးတန်းမှာ ယပ်ကလဲ ယပ်ကလဲ နဲ့ ၀င်ပေါက်ပျောက်လိုက်ပါသေးတယ်။ အဲ့နားက ၀င်ပေါက်အကုန်ပိတ်ထားပေမယ့် ပန်းခြံက Shin Upagutta ကန်ကြီးနဲ့ ချိတ်နေတာမို့ အဲ့ကနေ ၀င်သွားလိုက်တာပေါ့။

စစချင်း တော့ ၀င်ရမှာတောင် ခပ်ကြောက်ကြောက်ဗျ။ စနေနေ့ ညနေဘက်ကြီးတောင် ဘယ်သူမှ မရှိလို့ပါ။ "boycott ပဲခံထားရတာလား" ဆိုပြီး တုန်ချီတုန်ချီနဲ့ အပေါက်၀မှာ ရပ်ပြီး တွေးတော်မူခန်း ၀င်နေသေးတယ်။ နောက်တော့မှ "ဪ ၀င်ကွာ ချ!" ဆိုပြီး တရွေ့ရွေ့နဲ့စ ဝင်တာပေါ့။

၀င်သွားတာနဲ့ စစ ရတဲ့ impression က ကြည့်ကြည့်သမျှ ဟာ စိမ်းစိမ်းစိုစို အပင်တွေကြီးပါပဲ။ စိမ်းစိမ်းမြင်ရင် ဓာတ်ပုံရိုက်တဲ့ ကိုဂျွန်တန်းခန့်‌ တို့ အကြိုက်ပေါ့။ Landscape ရိုက်လိုက် ၊microphotography လေး try လိုက်နဲ့ တစ်ယောက်ထဲ သာယာနေတာ‌ကြီး တစ်ယောက်ထဲဆိုတော့ စိတ်မကောင်းစရာပဲ Selfies တွေပဲ ရိုက်ခဲ့ရတယ် ~ _ ~ ဒီ ပန်းခြံထဲမှာ portrait တွေ ရိုက်လို့ အရမ်းကောင်းတဲ့ နေရာတွေ လဲ များကြီး တွေ့ခဲ့တာမို့ photographer တွေ အိုင်တင်ခံ ရိုက်မယ့်သူတွေအတွက်လဲ ကွက်တိပါပဲ။

ကိုယ့်ချစ်သူနဲ့ ရွှေတိဂုံဘုရားလေး ဖူး ပန်းခြံထဲ အုတ်စီ လမ်းလေး ပေါ်မှာ လျှောက် ပိုက်ဆံ တပြားမှ မကုန်တဲ့ simple date လေး ဖန်တီးနိုင်ပါသေးတယ်။ လူသူအရောက်‌နည်းတော့ ကိုးရီးယားထဲ ကလို အုတ်စီ လမ်းလေးပေါ်မှာ ဂုန်းပိုးပြီး ရိုလို့ ရပါသေးတယ်နော် XDကျနော်က စင်ဂယ်ဆိုတော့ အနာခံ ပိုး‌ ပေးစရာလူမရှိဘူးလေ ၀မ်းသာစရာပါပဲ

ဘုရား ၀န်းထဲမှာဆိုတော့ Picnic ထွက်သလို အခင်းလေးချ ပြီး သူငယ်ချင်း‌ တွေနဲ့ မုန့်စားလို့ ရလားတော့ သိဘူး။ အေးဆေး စကားလေးပြော Game လေးတော့ ဆော့လို့ ကောင်းပါတယ်။

"ဘာမှ မလုပ်ဘူးကွာ ဒီ‌တိုင်းလဲ ထိုင်ပြီး အသက်လေးပဲရှုချင်တယ်" ဆိုတဲ့ သူတွေ အတွက်လဲ အေးဆေး chill လို့ရမယ့် နေရာတွေလဲ တွေ့ခဲ့သေးတယ်ဗျ။ ကျနော်တောင် ၁၅ မိနစ်လောက် ၀င်လေထွက်‌လေ လေး မှတ်၊ ဘ၀အကြောင်းလေးတွေး၊ ရှဉ့်လေးတစ်ကောင် အပင်ပေါ်တက်နေတာလေးကိုလဲ ဇိမ်ခံပြီးကြည့် သိပ်သာယာ တာပေါ့။ ကျီးကန်းသံ တစာစာ ကြားတော့ မွေးရပ်မြေကို တောင် သတိရသွားသေး...

နောက်ပြီး အားကစားလုပ်သူ နှစ်ယောက်လောက်လဲ တွေ့ခဲ့တာမို့ jogging လောက်တော့ လုပ်လို့ရမယ် ထင်ပါရဲ့။ ပြီးတော့ ဒီ Theingottara park က ရွှေတိဂုံ အနောက်ဘက် မုဒ်က Wut Htu Kan နယ်မြေ (ဘုရားပိုင်နယ်မြေ) နဲ့ ချိတ်နေတာမို့ အဲ့ဘက် ကလဲ ၀င်လို့ရပါတယ်။ ရွှေတိဂုံ မြောက်ဘက်မုဒ် ၊ အနောက်ဘက်မုဒ် ဘယ်မှာလဲ ဆိုတာ သိကြမယ်လို့ ယူဆလို့ location မထည့်တော့ဘူးနော်

ဒါနဲ့လေ ကျနော်လိုက်ကြည့်တုန်းက ပန်းခြံလေး က အတော်လေး သန့်ပြီး အမှိုက်တော်တော် လေးကို ကင်းတာမို့ ရွှေမြန်မာတို့ရဲ့ ထုံးစံအတိုင်း စားပြီးသားမုန့် ခွံ ချခဲ့တာတို့ တွေ့ကရာနေရာ ကွမ်းတံထွေး ထွေးတာတို့ မလုပ်ကြပါနဲ့။ အမှိုက်တောင်းလဲ မတွေ့ခဲ့တာမို့ ကြွပ်ကြွပ်အိတ်လေး လဲယူ သွားကြပါ။ စည်းကမ်းရှိပါနော်

Create a free website with Framer, the website builder loved by startups, designers and agencies.