Tun Foundation Library

Tun Foundation Library

Jun 19, 2022

"English Book Lovers တွေအတွက် လုံး၀ paradise"(မြန်မာစာအုပ် တွေလဲ ရှိပါတယ်)

ဒီ Library လောက် စာအုပ် အမျိုးစုံစုံလင်ကို Category အလိုက် သေသေချာ‌ချာ တိတိကျကျ စနစ်တကျ သေသေသပ်သပ် စီစဉ်ထားနိုင်တာ မြန်မာနိုင်ငံမှာ ဒီဟာတစ်ခု ပဲတွေ့ဖူးသေးတယ်။ စာအုပ်တွေကိုလဲ မစုတ်မပြဲအောင် ရေစိုခံအဖုံးတွေ လဲ ကပ်‌ထားပေးသေးတယ်။ Librarians တွေလဲ စိတ် တော်တေယ်ကောင်းတယ်။ English original books တွေ ကလဲဈေးကြီးတယ်လေ။ ငှားဖတ်တာ ပို ကောင်းတာပေါ့!!

လိပ်စာလေးကတော့ Catholic church ၀င်ပေါက်၏ မျက်စောင်းထိုး၊ ဗိုလ်အောင်ကျော်လမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်။ (google map မှာသာရှာပြီးသွားပါ)

Tun Foundation Library01 392 990https://maps.app.goo.gl/wKAYmvQpaBiyXRZ86

9 am to 4 pmSunday and Monday ပိတ်ပါတယ်

ကျနော်အမှန်က ဒီ Library နား‌‌ လေးမှာပဲနေတာပါ။ ဒါမယ့် ရှိမှန်းတောင် မသိခဲ့ပါဘူး (တကယ်)။ မနေ့ကမှ သူငယ်ချင်းတယောက်က ပြောပြလို့ လမ်းလေး လျှောက်ပြီး သွားတာ။ ဟိုရောက်တော့ မနည်းလိုက်ရှာရတယ် (ဆိုင်းဘုတ်လေးက သေးလို့ :')အထဲရောက်သွားတော့ အဲကွန်းအေးအေးလေးနဲ့ စာအုပ် စင်တွေက လဲ သပ်သပ်ရပ်ရပ် နဲ့ ဆိုတော့ အဲ့ထဲက တော့ Impress ed ဖြစ်သွားမိတာ အမှန်ပဲ။ ထူးဆန်းတဲ့ တချက်က librarians နှစ်ဦးက လွဲရင် ဘယ်သူမှကို မရှိတာကို။ အဲ့မှာထဲက ဪ ဒီလောက်အဖိုးတန်တဲ့နေရာလေး ငါ promote လုပ်ပေးဦးမှ ဆိုပြီး ခုဒီပိုစ့်လေး တင်လိုက်တာပါ။ sponsor လဲ မပေးထားပါဘူး နော် :') လိုအပ်တဲ့ သူတွေ အဆင်ပြေဖို့အတွက် ရေးသားပေးခြင်းဖြစ်ပါတယ်။

စကားဆက်ဦးမယ်။ Librarian အကိုကြီးက ကျနော်ရောက်ရောက်ချင်း "အကို ဒီကာလအတွင်း ထိုင်ဖတ်လို့ မရပါဘူးခင်ဗျာ member တွေပဲ စာအုပ်ငှားလို့ရပါတယ်" တဲ့။ ရင်၀ကြီးကို တည့်တည့်ကန်လိုက်သလိုပဲဗျာ ကျနော်က ထိုင်ဖတ်လို့ရတဲ့ အထင်နဲ့ မျှော်လင့်ချက် တစ်ပိသာ သယ်ပြီး သွားတာလေ T T။ သို့ပေမယ့် လဲ နောက် နည်းနည်းကြာရင်တော့ ထိုင်ဖတ်ခွင့်ပြုရင်ပြုမှာပါ ဆိုလို့ စိတ်နည်းနည်းနဲ့ တော့ ပြေလျော့သွားတာပေါ့။ ခုကာလ အတွက် members တွေကို ပဲ စာအုပ်ငှားရမ်းခွင့် ပြုပါတယ် တဲ့။Member လုပ်ဖို့ကော ဘာ‌တွေလိုလဲ?

၁) ပက်စ့်ပိုစ့်အတွက် ဓာတ်ပုံ တစ်ပုံ၂) မှတ်ပုံတင် ကတ်ပြားမိတ်တူ၃) life time အသင်းဝင်ကြေး ၅၀၀၀

မိုးတွင်းကြီး၊ အဲကွန်းခန်းကြီးထဲမှာ ကျနော့်ရင်ထဲ ကနေ အပူငွေ့ တွေထွက်လာတယ်။ ဓာတ်ပုံ လဲမပါဘူး မှတ်ပုံတင်မိတ်တူ လဲမပါဘူး ဆိုတော့ member လဲလုပ်လို့ မရဘူး၊ ထိုင်ဖတ်လို့ရသလားဆိုတော့ လဲ မရဘူး။ ဟာဒါဆို ငါ အပေါက်၀က‌ နေ ပဲ လှည့်ပြန်ရမလား ဆိုပြီး တွေးနာ။ နောက်မှ ရှက်ကိုးရှက်ကန်း နဲ့ "အကို ဒါဆိုရင် လေ ထိုင်လဲ မဖတ်ဘူး ငှားလို့ မငှားဘူး စာအုပ်လေးတွေပဲ လိုက်ကြည့်မယ်လေ" မျက်နှာချိုသွေးပြီး ဆိုကာမှ စာကြည့်တိုက်မှူး က "ရတယ်ရတယ်" ဆိုလို့ အပူငွေ့တွေ ထွက်တာ ရပ်သွားတယ်။ (ဒါကြောင့် အဲ့သွားရင် member လုပ်ချင်တန်းလုပ်လို့ရအောင်လိုအပ်တာလေး ယူသွားပါ လို့ အကြံပေးချင်ပါတယ်)

အထဲရောက်မှ "အကြံကုန် ဂန်လုံ (keyboard က နှစ်ထပ်ရိုက်လို့မရလို့ ဆောတီးပါ) ဆားချက်" ဆိုပြီး permission တောင်းပြီး ဒီpost အတွက် ဓာတ်ပုံ တွေလိုက်ရိုက်တာပေါ့။ အောက်ထပ်မှာက Fiction Books တွေ အများကြီးရှိတယ်။ Children books တွေ လဲ အများကြီးရှိတယ်။ ပြီးတော့ အလယ်မှာ စာအုပ် တွေ ကိုသေသေချာချာ အစီစဉ်အလိုက် ခွဲထားပေးတယ်။ Label အကုန်လုံးကို ကျ‌နော် ဓာတ်ပုံ ရိုက်ပြီးတင်ပေးထားပါတယ် ပုံတွင်ကြည့်ပါ (မကြည့်လို့မရဘူးနော် အခု ၁၀၀ လောက်ရှိတယ် ရိုက်ရတဲ့ ကျနော့်လက်လေး ကိုလဲ အားနာပါဦးဗျို့)

ပြီးတော့ ဘယ်ဘက်ခြမ်းမှာ မြန်မာ စာဖတ် ခန်းလဲရှိတယ် ဗျ။ Eng books တွေထက်တော့ နည်းတာပေါ့။

အပေါ်ထပ်မှာက Reference books သက်သက်ဗျ။ English/ Myanmar books တွေလဲရှိတယ်။ ဒီစာအုပ်တွေ က ငှားလို့မရဘူးဗျ။ Library ထဲမှာပေးဖတ်ခွင့်ပြုမှာသာ လျှင် ယူဖတ်လို့ရမှာ။ ပြီးတော့ အရမ်းစိတ်၀င်စားဖို့ကောင်းမယ့် History books တွေတွေ့ခဲ့သေးတယ်။ လူသားသမိုင်းအစတို့၊ India အကြောင်းတို့၊ Egypt အကြောင်းတို့။ ထိုင်ပြီး အားရပါးရ ဖတ်လိုက်ချင်ပေမယ့် စိတ်လေးထိန်းချုပ်ပြီး ဓာတ်ပုံ လေးသာရိုက်ပြီး အောက်လေး ဆင်းခဲ့လိုက်တယ်။(အရပ် ၅ ပေ‌‌ ကျော်တဲ့သူတွေ ဆင်းတဲ့ နေရာ သတိထားနော် သံ တန်းတစ်တန်း ရှိတယ် ခေါင်းတိုက်လိမ့်မယ်)

ဟို‌ယောင်ယောင် ဒီယောင်ယောင်နဲ့ ရှေ့‌ လျှောက်လိုက် နောက်လျှောက်လိုက် စာအုက် titles တွေကို ခေါင်းစောင်းပြီး ကြည့်နေတုန်းမှာ ပဲ member ဖြစ်နေတဲ့ ကျေးဇူးရှင် သူငယ်ချင်းက ကဒ်လေးလာပေးလို့ ကံကောင်းထောက်မ စွာနဲ့ စာအုပ်လေးတစ်အုပ် ပိုက်ပြီး ဂုဏ်ယူစွာနဲ့ ထွက်လာနိုင်ခဲ့ပါတယ်

စာအုပ်က ၂ အုပ်ထိပဲ ငှားလို့ ရပါတယ်။ နှစ်ပတ်ကျော်သွားရင်တော့ တစ်ရက် ၅၀၀ ကောက်ပါတယ်တဲ့။

ဪဒါနဲ့ စာအုပ်တွေကို မင်းသမီးပါးကိုင်သလို ကိုင်ပေးပါ။ Title လေးကိုပဲ ခေါင်းလေးဆောင်းပြီးပဲ ဖတ်ပေးပါ ဟိုဆွဲ ထုတ် ဒီဆွဲထုတ် တွေ မလုပ်ကြပါနဲ့။ ယူပြီးသားနေရာ မှာ ပြန်ထားပေးပါ။အတတ်နိုင်ဆုံး မဆူညံအောင်နေပေးပါ လို့လဲ ပြောချင်ပါတယ်။ ကျနော်သွားတုန်းက တော့ အပ်ကျသံတောင် မကြားရဘူးဗျ (အခန်းလေးထဲမှာ ကျနော် ရယ် စာကြည့်တိုက်မှူးနှစ်ယောက်ရယ်ပဲ ရှိတာလေးပါတာကို ပြီးတော့ အခန်းက အလုံပိတ်အခန်းလေ)

စည်းကမ်းလေးရှိပေးကြဖို့လဲ အနူးအညွှတ် မစ်တာ ရပ်ခံချင်ပါတယ်။

စာလေးဖတ်ပြီးရင်တော့ လက်ညောင်းခံ ရိုက်ထားတဲ့ ပုံလေးတွေ ကြည့်ပါဦး

(Edited - ခုထိုင်ဖတ်လို့ရနေပါပြီနော်။ monday, sunday and other public holidays ဆိုရင်တော့ မဖွင့်တဲ့အတွက် အဲ့ရက်တွေကလွဲပြီး တခြားရက်တွေဆို မနက် ၁၀ နာရီကနေ ညနေ ၃:၃၀ ထိ ထိုင်ဖတ်လို့ရပြီးဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

ကံကောင်းရင် လူချောလေး ဂျွန်တန်းကို တွေ့မှာပါ )