Yangon Book Plaza

Yangon Book Plaza

Mar 21, 2022

YGN Book Plaza

မီးပျက် wifi တိုင်ပျောက်နေတဲ့ အချိန်တွေမှာ စာသွားဖတ်ဖို့ ပဲဖြစ်ဖြစ် study ဖို့ပဲဖြစ်ဖြစ် ကိုယ်တစ်ယောက်ထဲပဲဖြစ်ဖြစ် ကောင်မလေးနဲ့ ပဲဖြစ်ဖြစ် သူငယ်ချင်းနဲ့ ပဲဖြစ်ဖြစ် အသွားသင့်ဆုံးနေရာလေး

ဟုတ် ၁၇လမ်း သံ‌ဈေးငါးလွှာက ရန်ကုန်ဘွတ်ခ်ပလာဇာ ကို ရန်ကုန်က လူတော်တော်များများ သိကြမှာပါ ဒါမဲ့ ကျနော် သွားတဲ့ အချိန်တိုင်းလိုလို မှာ လူနည်းနည်းပဲ တွေ့တာမို့ လူတွေကို remind လုပ်ပေးတဲ့ သဘောမျိုး‌အနေနဲ့ ရေးပေးတာပါ

ဘာကြောင့် Yangon Book Plaza မှာစာသွားဖတ် သင့်တာလဲ

တစ်အချက်က အဲ့မှာ စာအုပ် Category ပေါင်းစုံ ကို မ၀ယ်သွားပဲနဲ့ ထိုင်ဖတ်လို့ ရ လို့ပါပဲ။ ဖွင့်ချိန် (၉နာရီ ကနေ ၅နာရီ ထိ တစ်ချိန်လုံး) မနားတမ်းထိုင်ဖတ် နေလို့ရတယ်။ ‌အပေါ့လေး‌ဘာလေးတော့ ထသွားပေါ့အေ (ရပ်ကွက်ထဲက Library တွေထက်လဲ စာအုပ် စုံတယ်လေ ဘယ်လောက်များလဲ ပုံတွင်ကြည့်ပါ) (ဖတ်မဲ့ စာအုပ်ကိုတော့ WE ကောင်တာမှာ စာရင်းလေးသွင်းပေးပါနော် ပြန်အပ်ပြီးရင်တော့ ပြန်ဖျက်ပါ)

ပြီးတော့ တစ်လွှာလုံး ယူထားတော့ နေရာက တော်တော်လေးကျယ်ပြီး ‌လေ၀င်လေထွက်ကောင်းတယ်။ ဆိုလိုတာက မီးပျက်လဲ အေးဆေးပဲ ပြတင်းပေါက်နား က spot ယူထားဖို့တော့ အကြံပေးချင်ပါတယ် မီးပျက်ရင် လဲ မီးစက်နိုးပေးတော့ စာဖတ်ဖို့ လုံလောက်တဲ့ အလင်းရောင်ရပါတယ်။ တစ်လွှာလုံးတော့ မလင်းပါဘူး။ အဲကွန်း‌ တော့ဘယ်ချိန်သွားသွား မဖွင့်ပါဘူး ဒါမဲ့ နေ့လည်ကြောင်တောင်လဲ အဲ့နေရာက တကယ်မပူပါဘူး (တကယ်ပါ မနောက်ပါဘူး)

နောက်တစ်အချက်က အဲ့မှာ အချိန်တော်တော်များများ တိတ်ဆိတ်တယ်။ ဆိုလိုတာက စာအုပ်တစ်အုပ် နှလုံးသားတစ်ခု နဲ့ အ‌တွေးပေါင်း‌သောင်း‌ ခြောက်ထောင်ထဲမှာ မြောနေလို့ရတယ်။ အဲ့လဲ XD (လမ်းမတော်လမ်းမ နဲ့နီးတာမို့ ‌ကားသံ တွေတော့ ကြားရပါတယ် ပြီးတော့ တစ်ခါတလေ သံဈေး အောက်အထပ်တွေက နေ အသံတွေ ဆူပြီးတက်လာတာမျိုးရှိလို့ နားကြပ်လေး ယူသွား ဖို့ အကြံ ပြုချင်ပါတယ်)

တကယ်‌ကြိုက်တာက တော့ ထိုင်ခုံလှလှလေးတွေ ရှိတာပါပဲ။ စာဖတ်နေရင်းနဲ့ ညောင်းလာရင်း ဟိုဘက်မှာ ထိုင်လိုက် ဒီဘက်မှာထိုင်လိုက် လမ်းလျှောက်နေလိုက် လုပ်လို့ရတာပေါ့ သူငယ်ချင်းတစ်ယောက် ခေါ်သွား ဓာတ်ပုံလိုက်ရိုက်ခိုင်း ရိုက်လို့ကောင်းတဲ့နေရာ လှလှ လေးတွေ‌ရှိတယ် အဲ့မှာ အအေးတွေလဲ ရောင်းပါတယ် ကျနော်က အရမ်းကပ်စေးနှဲလို့ တခါမှ ၀ယ်မသောက်ပါဘူး

အရေးကြီးဆုံးအချက်ကတော့ လူတော်တော်များများနဲ့ ကျနော် နဲ့တူမယ်ထင်ပါတယ် Public Area မှာ စာဖတ်တာနဲ့ ကိုယ့်အိမ်မှာ ဖတ်တာနဲ့ တူကိုမတူတာ အိမ်မှာဆို နောက်ဖေးသွားလိုက် စကားလိုက်ပြော လိုက် သီချင်းသံကြားရင် ကလိုက် နဲ့ ဘာမှကို ဖြစ်ဖြစ် မြောက်မြောက် မဖြစ်ဘူး public area တွေမှာကျ အမကြီး‌ ချောချောလေးတွေရှိပေမယ့် ရှက်လို့ မော့တောင် မကြည့်ရဲလို့ စိတ်က လုံး၀ စာအုပ်ထဲမှာပဲ။ (စတာပါ နောက်တာပါ) ဒီတစ်ချက်နဲ့တင် အဲ့မှာ စာသွားဖတ်သင့်တယ်။ (focus လုပ်နိုင်ကြောင်းကို ပြောပြတာပါ အမကြီးတွေ အကြောင်းမဟုတ်ဘူး )

ကျနော်ကတော့လေ အဲ့မှာ တိတ်ဆိတ်ပြီး လေ၀င်လေထွက်ကောင်း တာလေးကို ကြိုက်လို့ weekends တွေမှာ တစ်ရက်လုံး လိုလို study လုပ်ဖြစ်တယ် စာလုပ်လိုက် ပျင်းရင် အကြည်တော်စာအုပ်ဖတ်ပြီး ထိုင်ခွီ နေလိုက်နဲ့ တော်တော်လေးကို ပျော်တယ်ပေါ့လေ

ရန်ကုန်က တိုက်ခန်းတွေက ကျဉ်းတော့ ကိုယ်ပိုင်အခန်းမရ စာလုပ်ရင်လဲ ဘေးကလူက ၀င်စကားပြောလိုက် အမေက ခိုင်းလိုက် အဆင်မပြေ တဲ့ လူတွေရှိရင်(Yangon Book Plaza နဲ့လဲ နီးရင်ပေါ့) give it a try ပါ ကျနော်ဆို အိမ်မှာ သီချင်းသံကြားတာနဲ့ အလိုလို ဂနာမငြိမ် ဖြစ်တာ public area မှာ စာလုပ်ရတဲ့ အခါကျ ကချင် စိတ်ကို ထိန်းချုပ်ဖြစ်ပြီး အလိုလို စာထဲကို စိတ်ပြန်၀င်သွားတယ် Self study လုပ်သူများအတွက် ‌တကယ်ကောင်းတဲ့ Tip လေးပေါ့

Yangon Book Plaza မှာက စာ‌လဲဖတ်လို့ရသလို အဓိကက စာအုပ်တွေ ရောင်းတာပါ ဒါကြောင့် လိုအပ်တဲ့ စာအုပ်တွေတွေ့ရင် အားပေးခဲ့ပါဦးနော်

Create a free website with Framer, the website builder loved by startups, designers and agencies.